ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံးဆု စာပေနိုဘယ်ဆု ၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံသူစာရေးဆရာမ အသက် ၅၄ နှစ်အရွယ်ရှိသူ ဟန်ကန်း (한강 Han Kang) ရရှိကြောင်း ယနေ့တွင် နိုဘယ်ဆုအကယ်ဒမီအဖွဲ့က ထုတ်ပြန်သည်။

သူမရေးသားထားသော The Vegetarian စာအုပ်ကို မြန်မာပြန်အဖြစ် သင့်လူက သားသတ်လွတ်သမ စာအုပ်ကို ထွက်ရှိထားသည်။

သူမသည် ဝတ္ထု၊ ကဗျာ၊ အက်ဆေးစသည်တို့ကိုရေးသားရာတွင် လူ့ဘဝမှာရင်ဆိုင်ရသည့် ဒဏ်ရာဒဏ်ချက်‌၊ သိမ်ငယ်မှု၊ ထရော်မာများအကြောင်းဖော်ထုတ်ရေးသားရာတွင် ကဗျာဆန်စကားပြေအရေးများဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင် တောင်ကိုရီးယား၊ ဂွမ်ဂျူးအရေးအခင်းအကြောင်းရေးသားထားသည့် Human Acts စာအုပ်သည်လည်းနာမည်ကြီးပြီး မြန်မာဘာသာပြန်ဝတ္ထုအဖြစ် BAP သတင်းဌာနတွင် အခန်းဆက်ဖော်ပြဖူးသည်။

မနက်ဖြန် အောက်တိုဘာလ ၁၁ ရက်တွင် ၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ယင်းဆုအတွက် မြန်မာ့ဒီမိုကရေစီရေး အထူးသဖြင့် ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်ကိုအဆိုပြုတင်သွင်းထားကြောင်း သိရသည်။

ဓာတ်ပုံ – နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ၊ CNBC TV
#စာပေနိုဘယ်ဆု #အာရှနွယ်ဖွား #တောင်ကိုရီးယားစာရေးဆရာမ #ဟန်ကန်း #한강 #Han Kang
#Ayeyarwaddy_Times