ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

မြန်မာစစ်ကောင်စီဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့စတင်မယ့် အာဆီယံထိပ် သီးဆွေးနွေးပွဲသို့ ကိုယ်စားလှယ်တစ်ဉီး စေလွှတ်မယ်လို့ သံတမန် သတင်းရင်းမြစ်တစ်ဉီးက ပြောပါ တယ်။

သုံးနှစ်ကျော်ကြာ မြန်မာပဋိပက္ခကို သံတမန်နည်းလမ်းနဲ့ အဖြေရှာရာမှာ အကျိုးသက်ရောက်မှု မရှိခဲ့ပေမယ့် အာဆီယံခေါင်းဆောင်တွေ လာအိုနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်မှစတင်ပြီး တွေ့ဆုံချိန် မှာ မြန်မာ့အရေးကို အဓိက ဆွေးနွေးမယ်လို့ မျှော်မှန်းရပါတယ်။

“သိသာတာကတော့ မြန်မာစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို လက်ခံ တာဖြစ်ပါတယ်” လို့ အဆိုပါသံတမန်က ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဉီးအောင်ကျော်မိုးဟာ ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ အောက်တိုဘာလ ၈ ရက်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြည်သူထောင်နဲ့ချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ မြန်မာပဋိပက္ခ အဆုံးသတ်ဖို့ရည် ရွယ်ကာ မြန်မာစစ်တပ်က ဒီမိုကရေစီအင်အားစုတွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မကြုံစဖူး ဖိတ်ကြား ပြီး နှစ်ပတ်အကြာမှာ စစ်ကောင်စီက အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဉီး စေလွှတ်တာဖြစ်ပါတယ်။

အာဆီယံအဖွဲ့၊ ဉရောပသမဂ္ဂ၊ ကုလသမဂ္ဂအပြင် တော်လှန်ရေးအဖွဲ့တွေ ပါဝင်သော မြန်မာ့အ ရေး ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း လက်ခံကျင်းပခဲ့ပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲပြီးပါက မလေးရှားနိုင်ငံက အာဆီယံဉက္ကဌတာဝန် လွှဲပြောင်းရယူ မှာဖြစ်ပြီး ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး ပါဝင်ရမယ်ဆိုတာကို ဂျကာတာအစည်း အဝေးက ပြသခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံတို့ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပမယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn က သ တင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီးချုပ် လီကျင်းဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနဲ့ အရေးပါတဲ့မဟာမိတ် တရုတ်နိုင်ငံက အတည်ပြုပါတယ်။

ကိုးကား – AFP
Ref; Myanmar to send rep to Asean summit for first time in three years

#Ayeyarwaddy_Times