
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကြာသေးမီက မြန်မာနိုင်ငံသားတွေ ထပ်မံ ရောက်ရှိလာမှုနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် ဂျာရှင်အူဒင်က မြန်မာစစ်ကောင်စီခန့် သံအမတ် ဉီး ကျော်စိုးမိုးကို လက်ခံတွေ့ဆုံချိန် အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး လက်နက်ကိုင်ပဋိပက္ခတွေမဖြစ်အောင် ထိန်းသိမ်းမယ့်အစီအမံတွေ လုပ်ဆောင်ဖို့နဲ့ ရခိုင်ပြည်နယ်မှ အရပ်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း စိမ့်ဝင်ရောက်တာ တားဆီးဖို့ ဂျာရှင်အူဒင်က မြန်မာစစ်ကောင်စီသံအမတ်ကို တိုက်တွန်းခဲ့ပါတယ်။
စစ်ဘေးရှောင် ရိုဟင်ဂျာဒုက္ခသည်တွေကို စောလျင်စွာ ဆန္ဒအလျောက် နေရပ်ပြန်ခေါ်ရေး လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိတာနဲ့ နေရပ်စွန့်ခွာ ရိုဟင် ဂျာတွေကို ပြန်လည်ခေါ်ဆောင်မယ်လို့ မြန်မာစစ်ကောင်စီသံအမတ်က ကတိပြုပါတယ်။
ကုန်သွယ်ရေး၊ ရေလမ်းချိတ်ဆက်မှု၊ စွမ်းအင်နဲ့ စိုက်ပျိုးရေးလိုမျိုး နယ်ပယ်တွေမှာ နှစ်နိုင်ငံ ကြား ပူးပေါင်းဆောင်ရွက်ဖို့ ကြီးမားသော အလားအလာတွေရှိတာကို နှစ်ဘက်စလုံးက အသိအမှတ်ပြု ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံကြား အခြားကိစ္စရပ်တွေကိုလည်း တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
ကိုးကား – BSS News
Ref; Dhaka expresses deep concern to Myanmar over new Rohingya influx
#Ayeyarwaddy_Times