
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
ပြီးခဲ့တဲ့ (၃) လအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော် ကို ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံတစ်ဝှမ်း ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခန့်အပ်တဲ လုပ်ငန်းခွင်တွေကို စစ်ဆေး ပြီး ဖမ်းဆီး၊ နှင်ထုတ်ဖို့ ဝန်ကြီးဌာနက အစီအမံတစ်ရပ် စတင်ပြီးနောက်ပိုင်း တိုးတက်မှုရှိလာခဲ့တယ်လို့ အလုပ်သမားဝန်ကြီး ဖီဖတ်ရတ်ချာကစ်ပရာကန်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေဟာ ဇွန်လ ၅ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ ရွှေ့ပြောင်းလုပ်သား ၂၇၇၇၇၀ ဦးကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းခွင် ၂၀၁၅၂ ခုကို စစ်ဆေးခဲ့ပါတယ်။
ရွှေ့ပြောင်းလုပ်သားအများဆုံးက မြန်မာနိုင်ငံမှာဖြစ်ပြီး ၂၀၉၄၃၅ ဦးအထိရှိကာ ကမ္ဘောဒီးယားမှ ၄၂၇၆၆ ဦး၊ လာအိုမှ ၁၆၄၈၁ ဦး၊ ဗီယက်နမ်မှ ၁၈၁ ဦးနဲ့ အခြားနိုင်ငံသား ၈၉၀၇ ဦးဖြစ်ပါတယ်။
လုပ်ငန်းခွင် ၂၀၁၅၂ ခုအနက် လုပ်ငန်းခွင် ၈၄၄ ခုက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အ လုပ်ခန့်ထားတာ တွေ့ရှိခဲ့ရပါတယ်။
မြန်မာနိုင်ငံသား ၁၂၈၉ ဦး၊ ကမ္ဘောဒီးယားမှ ၂၈၁ ဦး၊ လာအိုမှ ၃၁၅ ဦး၊ ဗီယက်နမ်မှ ၄၁ ဦးနဲ့ အခြားနိုင်ငံသား ၁၃၇ ဦး စုစုပေါင်း နိုင်ငံခြားသား ၂၀၆၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
“ထိုင်းနိုင်ငံရဲ့စီးပွားရေးကို မောင်းနှင်ဖို့ လုပ်သားကဏ္ဍအပေါ် မူတည်ပါတယ်။ ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေလို စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ထိုင်းနိုင် ငံသားတွေနဲ့ ပြည်ပလုပ်သားတွေကို ဟန်ချက်ညီဖို့ ကျွန်တော်တို့ ဉီးစားပေးပါတယ်” လို့ ဖီဖတ်ရတ်ချာ ကစ်ပရာကန်က ပြောပါတယ်။
ခရီးသွားလုပ်ငန်း၊ ဧည့်လမ်းညွှန်၊ အနှိပ်သည်၊ ဆံသသူ အစရှိတဲ့ ထိုင်းနိုင်ငံသားတွေအတွက် အ လုပ်အကိုင်နေရာတွေမှာ လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ အလုပ်အကိုင် ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆွန်ချိုင်းမိုရာကော့ဆရီဝမ်က ပြောပါတယ်။
“အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေက ကျွန်တော်တို့ရဲ့ဉပဒေကို လေးစားသ မှုရှိရပါမယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားတဲ့ အခွင့်အရေးတွေနဲ့အညီ ပြည်ပအလုပ်သမားတွေဟာ အသိအမှတ်ပြု စာရွက်စာတမ်းတွေ၊ အလုပ်လုပ်ကိုင်ခွင့်တွေ ရှိရပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Over 2,000 foreign nationals nabbed, Labour Ministry says
#Ayeyarwaddy_Times