ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

အီရန်ရဲ့ မကြာသေးမီက ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီလို့ အစ္စရေးနိုင်ငံ က ပြောကြားလိုက်ပါတယ်။

အစ္စရေးတပ်ဖွဲ့က လက်ဘနွန်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေစဉ် အခုလို ပြောကြားတာပါ။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ဟာ တနင်္ဂနွေနေ့က ဒုံးကျည်တိုက်ခိုက်မှုခံခဲ့ရတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းက အီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ဟက်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟတ်ဆန်နာဆရာလာ သေဆုံးမှုကို လက်စားချေတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ် လို့ အီရန်နိုင်ငံက ပြောပါတယ်။

အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မည်သည့်လေယာဉ်မျှ မထိခိုက်ခဲ့ကြောင်း၊ အစ္စရေးကို အန္တရာယ်ပြုဖို့ ကြိုးပမ်းသူတိုင်းက ဂါဇာကမ်းမြောင်ဒေသနဲ့ ဘေရွတ်မြို့တော်က အခြေအနေကို ကြည့် သင့်တယ်လို့ ယိုအက်ဗ်ဂဲလန့်က ပြောပါတယ်။

အစ္စရေးရဲ့ ကျူးကျော်မှုတိုင်းအတွက် အီရန်ရဲ့တုံ့ပြန်မှုက ပြတ်သားတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ်အရတ်ချီက ပြောကြားခဲ့ပြီး အီရန်ကို စမ်းသပ်ဖို့ သူက အစ္စရေးကို စိန်ခေါ်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေ ပြီး တနင်္ဂနွေနေ့က ဘေရွတ်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးမှာ တစ်ညတည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ကျော် တွေ့ကြုံခဲ့ရတယ်လို့ လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး လေကြောင်းစီးနင်းမှုလို့ လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။

မြေပြင်ထိုးစစ်ဆင်မှုတွေ ပြုလုပ်လျက်ရှိရာ လက်ဘနွန်နိုင်ငံတောင်ပိုင်း ဧရိယာအချို့မှ ပြည်သူ တွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့ပါတယ်။

ကိုးကား – NHK
Ref; Israel defense minister repeats readiness to respond to Iran missile attack

#Ayeyarwaddy_Times