ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

ရုရှားကျူးကျော်မှု အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ‘အောင်ပွဲအစီအမံ’ တင်ပြဖို့ ဂျာမနီနိုင်ငံမှာပြုလုပ် မယ့် ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို အသုံးချမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါ တယ်။

အောက်တိုဘာလ ၁၂ ရက်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ယူကရိန်းနိုင်ငံ က ‘အောင်ပွဲအစီအမံ’ ကို တင်ပြမယ်လို့ ၎င်းက လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့မိတ်ဖက်တွေရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ယူကရိန်းနိုင်ငံရဲ့ ခွန်အားတွေကြောင့် ရုရှား ကျူးကျော်မှုကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက် နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ အဆိုပါအစည်းအဝေးကို ဇီလန်စကီးက အသုံးချဖို့ မျှော်မှန်းရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်းဆိုမှုကြောင့် ယူကရိန်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ဂျာမနီနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့ဟာ အနောက်ပိုင်းရှိ ကာတ်စ်ဒေသမှ ယူကရိန်းတပ်ဖွဲ့တွေကို မောင်းထုတ်မယ့် စစ် ဆင်ရေး ဆက်လုပ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သောနှစ်လခန့်က ကျူးကျော်ခဲ့တဲ့ ကာတ်စ်ဒေသမှာ စစ်ဆင်ရေး ဆောင်ရွက်နေတယ်လို့ ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Ukraine to unveil ‘Victory Plan’ at summit-level meeting in Germany

#Ayeyarwaddy_Times