ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
ထိုင်ဝမ်ဟာ ပြည်သူတွေချစ်သင့်တဲ့ အချုပ်အခြာအာဏာပိုင်တိုင်းပြည်တစ်ခုလို့ သမ္မတ လိုင်ချင် တေးက အောက်တိုဘာလ ၅ ရက် အမျိုးသားနေ့ အခမ်းအနားတစ်ခုမှာ ပြောကြားပြီး ထိုင်ဝမ်ပြည်သူ တွေက လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်တိုင်းပြည်ကို ချစ်သင့်ပါတယ်” လို့ ထိုင်ဝမ်ရဲ့ ၁၁၃ နှစ်မြောက် အမျိုးသားနေ့မတိုင်မီ Taipei Dome မှာကျင်းပတဲ့ အ ခမ်းအနားတစ်ခုမှာ သူက ပြောပါတယ်။
ထိုင်ဝမ်ပြည်သူတွေဟာ ဘိုးဘေးတွေ၊ အာဇာနည်တွေရဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်မှုတွေကို လေ့ လာသင့်ပြီး အချုပ်အခြာအာဏာကို စောင့်ရှောက်ကာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို ကာ ကွယ်သင့်ကြောင်း၊ သို့မဟုတ်ပါက ဘိုးဘေးတွေရဲ့ စွန့်လွှတ်မှုတွေက အချည်းနှီးဖြစ်လာမယ်လို့ သူက ဆိုပါတယ်။
ထိုင်ဝမ်ကို ထူထောင်တာ ၁၁၃ နှစ် ရှိပြီဖြစ်ပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်တာ အောက်တိုဘာလ ၁ ရက်က ၇၅ နှစ်ပြည့်ခဲ့တာလို့ လိုင်ချင်တေးက ပြောပါတယ်။
“သက်တမ်းကို အခြေခံမယ်ဆိုရင် တရုတ်နိုင်ငံက ထိုင်ဝမ်ရဲ့ အမိမြေမဟုတ်ပါဘူး။ ထိုင်ဝမ်က သာ တရုတ်နိုင်ငံရဲ့ အမိမြေဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“ထိုင်ဝမ်မှာ နေထိုင်သူတိုင်းက တရုတ်နိုင်ငံထူထောင်တဲ့နေ့ကို ဝမ်းမြောက်ကြောင်း နှုတ်ခွန်း ဆက်သလိုပါက တရုတ်နိုင်ငံကို အမိမြေလို့ မခေါ်ကြပါနဲ့” လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ပိုင်နက်အစိတ်အပိုင်းအဖြစ် ရှုမြင်ကာ လိုအပ်ရင် အင်အားသုံးသိမ်း ယူမယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာစင်မြင့်မှာ ထိုင်ဝမ်ရဲ့ သံတမန်ရေးအဆင့်အတန်းကို အကျပ်ရိုက် အောင် ပြုလုပ်နေပါတယ်။
ကိုးကား – Taiwan Focus
Ref; ‘We are a sovereign country,’ Lai says at National Day event
#Ayeyarwaddy_Times