
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
ပဲခူးတိုင်း၊ တောင်ငူရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးကာ လေး ဦးထက်မနည်းဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)အတွင်းသို့ ယမန်နေ့ အောက်တိုဘာ ၅ ရက် နံနက် ၃ နာရီ ၄၀ မိနစ်ခန့်က ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့်ပစ်ခတ်ခံရကာ ရှော့တိုက်ဒုံး လေးလုံး ပေါက်ကွဲပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Warriors For Myanmar နှင့်ပူးပေါင်းတပ်ဖွဲ့က Mission 3 အနေဖြင့် ၁၀၇ မမရှော့တိုက်ဒုံး ငါးလုံးကို တောင်ပိုင်း တိုင်းစစ်ဌာနချုပ်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BMW က ထုတ်ပြန်ထားသည်။
ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် တပခစခန်းရုံးခေါင်းမိုးပွင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦးသေဆုံးကာ တပ်ရေးဗိုလ်ကြီးတဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကင်းတဲပွင့်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ အရာရှိနေအိမ်လိုင်းခန်းထိမှန်ပြီး အရာရှိ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)သည် ပဲခူးတိုင်းနှင့်ကရင်ပြည် နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက် ရန် အမိန့်ပေးကွပ်ကဲနေသည့် အဓိကတိုင်းစစ်ဌာန ချုပ်တခုဖြစ်ပြီး လတ်တလောတွင် အဆိုပါ တပခအတွင်း တိုက်ခိုက်ရေးဒရုန်းအစီးရေ ၁၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည့်အတွက် BMW နှင့် မဟာမိတ်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
BMW အဖွဲ့အနေဖြင့် ယခုတိုက်ခိုက်သည့် မစ်ရှင်သည် ၂၃ ခုမြောက် မစ်ရှင်ဖြစ်ပြီး တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ပထမဦးဆုံးတိုက်ခိုက်ခြင်းလည်းဖြစ် ကြောင်း သိရသည်။
#ပဲခူး #တောင်ငူ #တောင်ပိုင်းတိုင်းစစ်ဌာနချုပ် #တပခ #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #BMW #Ayeyarwaddy_Times