ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
အစ္စရေးအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်မယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာ တိုလာအလီခါမေနီက သတိပေးလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဟက်ဇ်ဘိုလာအ ဖွဲ့ခေါင်းဆောင် ဟတ်ဆန်နက်စရယ်လာ သေဆုံးမှုအထိမ်းအမှတ်အဖြစ် သောကြာနေ့က တီဟီရန်မြို့ မှာ မိန့်ခွန်းပြောကြားရာမှာ ခါမေနီက အခုလို ထည့်ပြောခဲ့တာပါ။
အီရန်ရဲ့ အစ္စရေးအပေါ် ဒုံးကျည်တိုက်ခိုက်မှုဟာ ဉပဒေနဲ့ညီပြီး လိုအပ်ပါက သင့်တော်သော အ ရေးယူမှု ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။
အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မယ်လို့ အစ္စရေးနိုင်ငံက ပြောကြားခဲ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်မှု အရှိန်မြှင့်နေပြီး မြေ ပြင်စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ အကြီးတန်း အရာရှိတွေက အစည်းအဝေးတစ်ခု ပြုလုပ်နေတယ်ဆိုတဲ့ သ တင်းရရှိပြီးနောက် အစ္စရေးစစ်တပ်က ဘေရွတ်မြို့အနီးရှိ မြေအောက်ဘန်ကာတစ်ခုကို ဗုံးကြဲခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေကို ကိုးကားပြီး The New York Times သတင်းစာက ဖော်ပြပါတယ်။
အစည်းအဝေးတက်ရောက်သူတွေထဲမှာ ဟတ်ဆန်နက်စရယ်လာရဲ့နေရာ ဆက်ခံသူလည်း ပါ ဝင်တယ်လို့ သိရပါတယ်။ ဟက်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက် ခိုက်နေပြီး အစ္စရေးနိုင်ငံတွင်းသို့ ဒုံးကျည်တွေ ပစ်လွှတ်နေပါတယ်။
အီရန်နိုင်ငံရှိ ရေနံအဆောက်အအုံတွေအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုကို ထောက်ခံမှာလားလို့ သတင်းထောက်တွေက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို မေးမြန်းခဲ့ရာမှာ အမေရိကန်အစိုးရအဖွဲ့က အ ဆိုပါကိစ္စကို ဆွေးနွေးနေတယ်လို့ ဖြေပါတယ်။
ကိုးကား – NHK
Ref; Iran’s Khamenei warns of another strike against Israel
#Ayeyarwaddy_Ti