ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
အချုပ်အခြာအာဏာ ချိုးဖောက်ဖို့ အင်အားသုံးလာပါက မြောက်ကိုရီးယားနိုင်ငံက နျူကလီး ယားလက်နက်တွေ အသုံးပြုဖို့ တုံ့ဆိုင်းမှာမဟုတ်ဖူးလို့ တိုင်းပြည်ရဲ့ခေါင်းဆောင် ကင်ဂျုံအန်က သတိ ပေးလိုက်ပါတယ်။
ကင်ဂျုံအန်ဟာ ဗုဒ္ဓဟူးနေ့က ကြည်းတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းတစ်ခု ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က သောကြာနေ့မှာ ဖော် ပြခဲ့ပါတယ်။
မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေ ရိုင်ဖယ်တွေနဲ့အတူ ရေအောက်မှပေါ်ထွက်လာကာ အ ဆောက်အအုံတစ်လုံးကို စီးနင်းနေတဲ့ ဓာတ်ပုံတွေကို KCNA က ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က စစ်ရေးပြအခမ်းအနားတစ်ခုမှာ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယို ပြောကြားခဲ့တဲ့မိန့်ခွန်းကို ကင်ဂျုံအန်က ဝေဖန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက် နက်တွေ သုံးဖို့ကြိုးပမ်းရင် ကင်ဂျုံအန်အစိုးရ ပြုတ်ကျမယ်လို့ ယွန်ဆတ်ခ်ယိုက မိန့်ခွန်းမှာ ထည့်ပြောခဲ့ ပါတယ်။
တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုက ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဖျက် ဆီးရာမှာ တာဝန်ရှိတယ်ဆိုတာ ယွန်ဆတ်ခ်ယိုရဲ့မိန့်ခွန်းက ဝန်ခံနေတယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။
“ရန်သူတွေက အချုပ်အခြာအာဏာကို ထိပါးလာမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံက နျူကလီး ယားလက်နက်တွေ အပါအဝင် မိမိမှာရှိတဲ့ တပ်ဖွဲ့အားလုံး တုံ့ဆိုင်းခြင်းမရှိ အသုံးပြုမှာဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
လာမယ့်တနင်္လာနေ့မှာပြုလုပ်မဘ့် ပြည်သူ့ညီလာခံမတိုင်မီ မြောက်ကိုရီးယားရဲ့ တောင်ကိုရီး ယားကို ရန်လိုမှုကို ထပ်လောင်းအတည်ပြုဖို့ ကင်ဂျုံအန်က အခုလို မှတ်ချက်ပြုခဲ့တာလို့ တောင်ကိုရီး ယား ကျွမ်းကျင်သူတစ်ဉီးက ပြောပါတယ်။
တောင်ကိုရီးယားအား နံပါတ် ၁ ရန်လိုသောတိုင်းပြည်အဖြစ် တရားဝင် သတ်မှတ်ဖို့ မြောက်ကို ရီးယားနိုင်ငံက ပြည်သူ့ညီလာခံအတွင်း တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံညီလာခံကို ပြင်ဆင်ဖို့ မျှော်မှန်းရပါတယ်။
ကိုးကား – NHK
Ref; North Korea’s Kim warns of nuclear response if sovereignty breached: KCNA
#Ayeyarwaddy_Times