ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တာလီဘန်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှ ဖယ် ရှားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အစ္စလာမ္မစ်အဖွဲ့ တာလဘန်ဟာ ၂၀၀၃ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ နယ်မြေများစွာ ထိထိ ရောက်ရောက် ထိန်းချုပ်ထားတာလို့ ရုရှားနိုင်ငံက ပြောပါတယ်။
သိပ်မကြာခင်အနာဂတ်မှာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ရပ်ကို ကြေညာဖို့ မျှော်လင့်ပါကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရုရှားသမ္မတရဲ့ အထူးကိုယ်စားလှယ် ဇာမီကာဘူလော့ဗ်က သောကြာနေ့ မှာ ပြောကြားခဲ့ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်ဟာ သောကြာနေ့က မော်စကိုမြို့တော်မှာ တာလီ ဘန်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူ အမီခန်းမွတ်တာကီနဲ့ တွေ့ဆုံခဲ့ပါတယ်။
“လက်ရှိ အာဖဂန်အစိုးရနဲ့ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံယုံကြည်ပါတယ်” လို့ ဆာဂျီလာရော့ဗ်က ပြောပါတယ်။
အာဖဂန်မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း လုံခြုံ ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးစီးပွားဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ တာဝန်ဝတ္တရားကို အသိအမှတ်ပြုပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းကာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေပြန်ပေးဖို့ သူက အနောက်နိုင်ငံတွေ ကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Russia plans to remove Taliban from list of terrorist organizations
#Ayeyarwaddy_Times