ဧရာဝတီတိုင်းမ်
(တီးတိန်)၊ အောက်တိုဘာ ၅ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာ ပါဝင်နေသော အမျိုးသားတစ်ဦးကို PDF-ဇိုလန်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာ ပါဝင်သူဦးကမ်လမ်းထန်ကို ဖမ်းဆီးခြင်းဖြစ်ပြီး PDF-ဇိုလန်၏ ထုတ်ပြန်တားမြစ်ချက်ကို မလိုက်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“PDF Zoland နှင့် Chin Brotherhood တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ အကြမ်းဖက် စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သည့် U Kam Lam Thang (Tedim, Myoma) အား PDF Zoland မှ ထိန်းသိမ်းထားလိုက်သည်´´ဟု PDF-ဇိုလန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက ပြုလုပ်သော သန်းခေါင်စာရင်းကောက်ခံမှုတွင် အခြားပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်လျှက်ရှိပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် ပါဝင်ကူညီသူများကို ထိရောက်စွာ အရေးယူမှုများပြုလုပ်သွားမည်ဟု ချင်းလဲဲန်းအစိုးအရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက သတိပေးထားကြောင်းသိရသည်။

ဓာတ်ပုံ-PDF-ဇိုလန်က ဖမ်းဆီးထားသော ဦးကမ်လမ်းထန်။

#တီးတိန်မြို့ #စစ်ကောင်စီ #သန်းခေါင်စာရင်းကောက်မှု #တက်ကြွစွာပါဝင်သူ #PDFဇိုလန် #ဖမ်းဆီး
#Ayeyarwaddy_Times