ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ဧရာ၀တိီတိုင်း၊ ကျုံပျော်မြို့နယ်၊ သင်တောဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မှ စစ်မှုထမ်းအပါတ်စဉ် ၆ အတွက် လူစားထိုးငှါးရမ်းရန်ဟုဆိုကာ ကျေးရွာရှိ နေအိမ်များမှ ငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မင်းသူဆိုသူမှ စစ်မှုထမ်းလူစားထိုးငှာရမ်းရန်အတွက် တစ်အိမ်လေးသောင်းနူန်းဖြင့် မထည့်မနေရ ကောက်ခံနေကြောင်းသိရှိရသည်။

“အရင်က အိမ်မှာလူငယ်ရှိမှ ထည့်ရတာ ခုကြတော့အသက် ၆၀ထိ စစ်ထဲထည့်လို့ရတယ် ဆိုပြီး အကုန် လိုက်တောင်းနေတာပဲ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ငွေမထည့်သည့်နေအိမ်များကို စာရင်းမှတ်ထားပြီးခြိမ်း‌ခြောက်ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုလုပ်ကိုင်မှုကြောင့် ပြည်သူများ ကြောက်လန့်ပြီး စိုးရိမ်မှုများရှိနေကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေ မစတင်ခင်က သင်တန်း ဆင်းပြီးချိန်တွင် မိမိဒေသတွင်သာ လုံခြုံရေးတာ၀န်ထမ်းဆောင်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင် ရှေ့တန်းသို့ စေလွှတ်နေသဖြင့် သေဆုံးမှုများကြုံနေရသည်။ ယင်းအခြေအနေကြောင့် မိဘဆွေမျိုးများက စိုးရိမ်ကာ ငွေပေး၍ လူစားထိုးရန်အုပ်ချုပ်ရေးမှုးများက စီစဥ်ပေးနေခြင်းဖြစ်ပြီး သိန်းရာချီ ကောက်ခံသော်လည်း လူငှါးလိုက်မည်သူ့အား သိန်းဆယ်ဂဏန်းသာ ပေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ-သင်တောဂရက်အုပ်စုအုပ်ချုပ်ရေးမှုး ဇော်မင်းသူ

#ကျုံပျော် #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်မှုထမ်း #လူစားထိုး #နေအိမ်များကို #ငွေတောင်း #Ayeyarwaddy_Times