ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံနေရသူတွေက စစ်မှုထမ်းမယ်ဆိုပါက ၎င်းတို့ရဲ့အမှုကို ပိတ်သိမ်း ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးမယ့် ဥပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက် တယ်လို့ သိရပါတယ်။

ယူကရိန်းကျူးကျော်စစ် ၃ နှစ်နီးပါး ရှိလာချိန် ရုရှားနိုင်ငံက စစ်အင်အား လိုအပ်ချက် မြင့်မားနေ ချိန်မှာ ဒီဉပဒေကို အတည်ပြုပြဌာန်းလိုက်တာဖြစ်ပါတယ်။

ရုံးတင်စစ်ဆေးခံနေရသူတွေက စစ်တပ်မှာ စစ်မှုထမ်းဖို့ စာရင်းပေးပါက ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုကာ လွှတ်ပေးနိုင်တယ်လို့ အဆိုပါဥပဒေက ဆိုပါတယ်။

စုံစမ်းစစ်ဆေးခံနေရပေမယ့် တရားရုံးသို့ မရောက်သေးတဲ့ သံသယရှိသူတွေရဲ့အမှုကို ဆိုင်းငံ့နိုင် တယ်လို့လည်း ယင်းဥပဒေက ဖော်ပြပါတယ်။

ဥပဒေအရ စစ်မှုထမ်းစာရင်းသွင်းသူဟာ အသက်အရွယ် သို့မဟုတ် ကျန်းမာရေးအခြေအနေ သို့ မဟုတ် စစ်အုပ်ချုပ်ရေး ကုန်ဆုံးပါက သူ့ရဲ့ပြစ်ဒဏ် သို့မဟုတ် တရားစွဲဆိုခံထားရမှုကို ပယ်ဖျက်ပေးနိုင် ပါတယ်။

ရုရှားစစ်တပ်ရဲ့အင်အားကို ၁၈၀၀၀၀ ထပ်တိုးမြှင့်ဖို့ သမ္မတ ပူတင်က စက်တင်ဘာလအတွင်း ညွှန်ကြားခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် ၃၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – AP
Ref; Putin allows criminal defendants to escape trial if they enlist in military

#Ayeyarwaddy_Times