
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဂျကာတာမြို့တော်မှာ မြန်မာပြည်တွင်းစစ်ဆိုင်ရာ သံတမန်ရေးဆွေးနွေးပွဲ ကျင်းပမယ်လို့ အင်ဒိုနီးရှား အကြီးတန်း သံတမန် တစ်ဉီးက ပြောပါတယ်။
ယနေ့နဲ့မနက်ဖြန်မှာ ကျင်းပမယ့် အဆိုပါဆွေးနွေးပွဲမှာ အင်ဒိုနီးရှား၊ အာဆီယံ၊ ဉရောပသမဂ္ဂနဲ့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်တွေ၊ တော်လှန်ရေးအင်အားစုတွေ ပါဝင်မှာဖြစ်ပေမယ့် မြန်မာစစ်ကောင်စီ က မတက်ရောက်ဘူးလို့ အမည်မဖော်လိုတဲ့ အင်ဒိုနီးရှားသံတမန်က ပြောပါတယ်။
အောက်တိုဘာလ ၆ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေး မ ကျင်းပမီ မြန်မာ့အရေး ဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။
မြန်မာက အဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံအဖွဲ့ဟာ မြန်မာအကျပ်အတည်းဖြေရှင်းဖို့ သံတမန်ရေးအရ တွန်းအားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ဖို့ပျက်ကွက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
ယခင်အစည်းအဝေးတွေမှာ ဆွေးနွေးမှုတွေကြောင့် အာဆီယံအဖွဲ့ကြား သဘောထားကွဲစေခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က အာဏာသိမ်းခေါင်းဆောင်တွေကို ပြင်းထန်သော အရေးယူမှု ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြန်မာဗိုလ်ချုပ်ကြီးတွေအပြင် ထိန်းသိမ်းခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ သီးခြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ် မြေပြင်မှာ ရှုံးနိမ့်နေစဉ် ယခုလို သံတမန်ရေးတွန်းအားပေးမှု ဖြစ်လာတာပါ။
၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်သူ ၃ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါ တယ်။
ကိုးကား – AFP
Ref; Indonesia to host discussions on Myanmar conflict: Diplomat
#Ayeyarwaddy_Times