ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျောင်က ဒီသီတင်းပတ်အတွင်း ဆိုးလ်မြို့တော်မှာပြုလုပ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲ ကို ဝေဖန်ခဲ့ပြီး အပြောင်အပျက်ပြပွဲလို့ သရော်လိုက်ပါတယ်။

တောင်ကိုရီးယားစစ်တပ်ရဲ့ စွမ်းရည်တွေထုတ်ဖော်ပြသမှုကို ကင်ယိုဂျောင်က ပျက်ရယ်ပြုခဲ့ပြီး စစ်ရေးပြပွဲအတွင်း အမေရိကန်စစ်တပ်ရဲ့ B-1B ဗုံးကြဲလေယာဉ်တစ်စင်း သရုပ်ပြပျံသန်းမှုကို ရှုတ်ချခဲ့ပါ တယ်။

“ဒီလိုအသုံးမဝင်တဲ့ လက်နက်တွေပြသပြီး မြောက်ကိုရီးယားအစိုးရ ပြုတ်ကျမယ်လို့ ဘယ်သူ ပြောနိုင်မလဲ” လို့ ကင်ယိုဂျောင်ရဲ့ ပြောစကားကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါ တယ်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးပြပွဲအတွင်း အလေးချိန် ၈ တန်ရှိ ထိပ်ဖူးသယ်ဆောင်နိုင်သော Hyunmoo-5 အင်အားပြင်း ဒုံးကျည်သစ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။

တောင်ကိုရီးယား တပ်မတော်နေ့ စစ်ရေးပြပွဲဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ မကြာခဏ ထုတ်ဖော်ပြသနေတဲ့ မြောက်ကိုရီးယားကို စစ်အင်အား ထုတ်ဖော်ပြတာလို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် အသုံးပြုရင် ကင်ဂျုံအန်အစိုးရ ပြုတ်ကျမယ် လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက စစ်ရေးပြပွဲမတိုင်မီ မိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆိုးလ်မြို့တော်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှာပြုလုပ်တဲ့ အောက်တိုဘာလ ၁ ရက် စစ်ရေး ပြပွဲမှာ တပ်ဖွဲ့ဝင် ၅၃၀၀ ခန့်၊ စစ်လက်နက်နဲ့ လေယာဉ် ၃၄၀ မျိုး ပါဝင်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; North Korea’s Kim Yo Jong mocks Seoul military parade, downplays capabilities

#Ayeyarwaddy_Times