ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

မြန်မာပြည်တွင်းစစ်ကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှု တိုးလာစေရာ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာမှ မှောင်ခိုသွင်းလာတဲ့ တရားမဝင် မူးယစ်ဆေးဝါး များပြားလာခဲ့ပြီး မီသာဖက်တမင်း နဲ့ ဘိန်းဖြူများ ဖမ်းဆီးရမိမှု သိသိသာသာ တိုးလာခဲ့တယ်လို့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့မှ အကြီး တန်း အရာရှိတစ်ဦးက ပြောပါတယ်။

မြောက်ပိုင်းဒေသဟာ ထိုင်းနိုင်ငံတွင်း အဓိက မှောင်ခိုကူးလမ်းကြောင်း ဖြစ်နေဆဲဖြစ်ပြီး မူးယစ် ကုန်သည်တွေဟာ တောင်ကုန်းတွေ သို့မဟုတ် မဲခေါင်မြစ်မှတစ်ဆင့် မီသာဖက်တမင်းဆေးပြားတွေနဲ့ ICE ဆေးပြားတွေ သယ်ဆောင်ကြတယ်လို့ ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) မှ ဒု တိယ အထွေထွေအတွင်းရေးမှူး အပီကစ်က ပြောပါတယ်။

ရာဇဝတ်ကွန်ရက်တွေဟာ မြန်မာနိုင်ငံ၊ ရှမ်းနဲ့ကချင်ပြည်နယ်တွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖို့ ပြည်သူ့စစ်တွေနဲ့ မဟာမိတ်ပြုထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

“လက်နက်ကိုင်ပဋိပက္ခကြောင့် မူးယစ်ဆေးဝါးကုန်သွယ်မှုဟာ လက်နက်ဝယ်ယူဖို့ သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေကို မောင်းထုတ်ဖို့ အသုံးပြုတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်” လို့ အပီကစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆန်ပြည်နယ်တွေမှာ ယခုနှစ် ရှစ်လခွဲကာ လအတွင်း မီသာဖက်တမင်းဆေးပြား ဖမ်းဆီးရမိမှုဟာ ၃၄၆ သန်းအထိ ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိ တဲ့ ပမာဏထက် ၁၇၂ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ONCB ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

အဆိုပါထိုင်းမြောက်ပိုင်းပြည်နယ်တွေမှာ ဖမ်းဆီးရမိတဲ့ ICE ဆေးပြားပမာဏဟာ ၆ ဒသမ ၄၈ တန်အထိ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

ယခုနှစ်အတွင်း ဘိန်းဖြူ ၃၂၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ရာ ၂၀၂၃ ခုနှစ်က ဖမ်းဆီးရမိတဲ့ ပမာဏ ထက် ၇ ဆနီးပါး ပိုများနေပါတယ်။

ထိုင်းနိုင်ငံသို့ မှောင်ခိုကူးမယ့် မီသာဖက်တမင်း ဆေးပြားအရေအတွက်ဟာ သန်း ၅၀ ကျော် ရှိမယ်လို့ယူဆရကြောင်း ထိုင်းမြောက်ပိုင်း နယ်စပ်ဒေသ မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ တပ်မှူး ဗိုလ်ချုပ် ကြီး နာရစ်သန်ဝန်ဝေါင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်သုံးခုမှာ မူးယစ် ဆေးဝါး ဖမ်းဆီးရမိမှုဟာ မြင့်တက်လာခဲ့ပြီး မီသာဖက်တမင်းဆေးပြားက ၂၈၄ ရာခိုင်နှုန်း၊ အန်ဖက်တ မင်းဆေးပြားက ၂၀၁ ရာခိုင်နှုန်းနဲ့ ဘိန်းဖြူက ၇၇ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ONCB ရဲ့ အချက်အ လက်တွေက ဆိုပါတယ်။

ကိုးကား – The Japan Times
Ref; Myanmar’s civil war is driving the drug trade, Thailand official says
#Ayeyarwaddy_Times