ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ရက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့ကို ကချင်လွပ်လပ်ရေးတပ်‌မတော် (KIA) က ယနေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဆော့လော်မြို့ရှိ စစ်ကောင်စီ စခန်းများနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကို KIAနှင့် KPDFများက ယနေ့ အောက်တိုဘာ ၂ရက် နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ် လိုက်ကြောင်း သိရသည်။

“ဆော့လော်က ချီဖွေထဲပါတော့ ချီဖွေတိုက်ကတည်းက တစ်စပ်တည်း တိုက်ခိုက်နေတယ်လို့ သိထားတယ်လေ။ ဒီမနက် ၇နာရီလောက်မှာ စစ်တပ်ရဲ့ နောက်ဆုံးတပ်ရင်းကို သိမ်းလိုက်ပြီး မြို့ကို ထိန်းထားတယ်ပေါ့။ မြို့ထဲက ဌာနဆိုင်ရာတွေလည်းအကုန် ထိန်းထားလိုက်ပြီပေါ့” ဟုကချင် ထောက်ပို့တပ်သား အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆော့လော်ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်သည့် ခလရ ၂၉၈ကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ (တနိုင်း) လက်အောက်ခံတပ်ရင်း ၅ရင်းအနက် ခလရ ၂၉၈သည် ဆော့လော်တွင် ရှေ့တန်းစခန်းချထားသော တပ်ရင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားနှင့် လက်နက် ခဲယမ်းအမြောက်အမြားကိုပါ သိမ်းယူရရှိကြောင်း သိရသည်။

ပြီးခဲ့သည် စက်တင်ဘာ ၂၉ရက်နေ့ ချီဖွေမြို့သိမ်းတိုက်ပွဲအပြီးတွင် ဆော့လော်ရှိ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကာ ယနေ့မနက်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

#ကချင် #ချီဖွေ #ဆော့လော် #KIA #သိမ်းပိုက် #Ayeyarwaddy_Times