
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
တောင်ကိုရီးယားနိုင်ငံဟာ အင်္ဂါနေ့က တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားတစ်ခုမှာ မြောက် ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားသော အင်အားအပြင်းဆုံး ဒုံးကျည်တစ်မျိုးနဲ့ အခြားလက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ကြိုးပမ်းရင် ကင်ဂျုံအန်အစိုး ရ ပြုတ်ကျမယ်လို့ တောင်ကိုရီးယားသမ္မတက သတိပေးခဲ့ပါတယ်။
မြောက်ကိုရီးယားအာဏာပိုင်တွေဟာ မကြာသေးမီက ယူရေနီယမ်သန့်စင်စက်ရုံတစ်ခုသို့ သွား ရောက်လည်ပတ်သလို နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ဒုံးကျည်တွေ စမ်းသပ်ပြီး နောက် တောင်ကိုရီးယားနိုင်ငံက စစ်လက်နက်တွေ ထုတ်ဖော်ပြသကာ မြောက်ကိုရီးယားကို သတိပေး ခဲ့တာဖြစ်ပါတယ်။
“မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ကြိုးပမ်းရင် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီနေ့ဟာ မြောက်ကိုရီးယားအစိုးရ ပြုတ်ကျတဲ့နေ့ဖြစ်ပါလိမ့်မယ်” လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက ထောင်ချီတဲ့တပ်ဖွဲ့ဝင် တွေကို ပြောပါတယ်။
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တောင်ကိုရီးယားစစ်တပ်က စစ်လက်နက်အမျိုးအစား ၃၄၀ ခန့်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
စစ်လက်နက်တွေအနက် သမားရိုးကျထိပ်ဖူး ၈ တန်ခန့် သယ်ဆောင်နိုင်ကာ မြေကြီးထဲထိုး ဖောက်ပြီး မြောက်ကိုရီးယားဘန်ကာတွေကို ဖျက်ဆီးနိုင်တဲ့ Hyunmoo-5 ဒုံးကျည်တွေ ပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက Hyunmoo-5 ဒုံးကျည်တွေကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
အာရှမဟာမိတ်ဖြစ်တဲ့ လုံခြုံရေးကတိကဝတ်ပေးမှုအဖြစ် အခမ်းအနားအတွင်း အမေရိကန်နိုင်ငံ က B-1B ဗုံးကြဲလေယာဉ်တစ်စင်း ပျံသန်းခဲ့သလို တောင်ကိုရီးယားနိုင်ငံကလည်း ခေတ်အမီဆုံး ဂျက် တိုက်လေယာဉ်တွေ ပျံသန်းပြခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; South Korea unveils its most powerful missile, which could reach North Korea’s underground bunkers
#Ayeyarwaddy_Times