ဧရာဝတီတိုင်း
အောက်တိုဘာ ၂ ရက်

အောက်တိုဘာလ ၁ ရက်က ပသွန်သာနီမှာ ဘတ်စ်ကားတစ်စင်း မီးလောင်ကျွမ်းခဲ့ရာ လေ့လာ ရေးခရီးထွက်လာတဲ့ ကျောင်းသူ/ကျောင်းသား ၂၀ ဉီးနဲ့ ဆရာ/ဆရာမ ၃ ဉီး သေဆုံးကာ နှစ်ဦးရဲ့အခြေ အနေကို မသိရသေးဘူးလို့ သိရပါတယ်။

ကျောင်းသူ/ကျောင်းသား ၁၆ ဦးနဲ့ ဆရာ/ဆရာမ ၃ ဦးကို ဆေးကုသဖို့ နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး ဘတ်စ်ကား မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သယ်ယူပို့ဆောင် ရေးဝန်ကြီး ဆူရီယာက ပြောပါတယ်။

မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရတဲ့ ကျောင်းသူ/ကျောင်းသား ၃ ဦအနက် နှစ်ဦး ကို အောက်ဆီဂျင်ပေးထားရတယ်လို့ ဆရာဝန်တွေကို ကိုးကားပြီး ဒေသန္တရမီဒီယာတွေက ဖော်ပြပါ တယ်။

ဘတ်စ်ကားမောင်းသူ ဆာမန်ချန်ကွပ်ဆိုသူဟာ အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ မိုဘိုင်းဖုန်းကို ပိတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကို ဖမ်းဝရမ်း ထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး ကစ်တီရတ်ဖွန်ဖတ်က ပြောပါတယ်။

သေဆုံးသူတွေအနက် ၁၅ ဦက မူလတန်းကျောင်းသူ/ကျောင်းသားတွေဖြစ်ပြီး ၆ ဦးက အထက် တန်းကျောင်းသူ/ကျောင်းသားတွေဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အဆိုပါဘတ်စ်ကားဟာ ကျောင်းသူ/ကျောင်းသား ၄၀ ဦးနဲ့ ဆရာ/ဆရာမ ၆ ဦးကို တင်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို နေ့လည်ပိုင်းမှာ ဘတ်စ်ကား မီးလောင်ကြောင်း အကြောင်းကြားခဲ့တာဖြစ် ပါတယ်။

ကယ်ဆယ်ရေးသမားတွေက အခင်းဖြစ်ရာနေရာသို့ သွားရောက်ချိန်မှာ ဘတ်စ်ကားရှေ့တာယာ ပေါက်ကွဲပြီး ဘီးကို မီးလောင်ခဲ့ရာ ယာဉ်မောင်းက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်မိ ကာ မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေထံ ဝမ်းနည်းကြောင်း သဝမ်လွှာတွေ ပေးပို့ခဲ့ပြီး အစိုးရက ဆေးကုသစရိတ် ကျခံကာ မိသားစုဝင်တွေထံ ငွေ ကြေးအထောက်အပံ့ ပေးအပ်မယ်လို့ ပြောပါတယ်။

အဆိုပါ ဓာတ်ငွေ့သုံးဘတ်စ်ကားဟာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တာကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ တာလို့ အတည်မပြုနိုင်တဲ့သတင်းတွေက ဖော်ပြပါတယ်။

ကိုးကား – Bangkok Post
Ref; Bus inferno: 20 students, 3 teachers killed
#Ayeyarwaddy_Times