
ဧရာဝတီတိုင်း
အောက်တိုဘာ၂ ရက်
အီရန်နိုင်ငံက ဒုံးကျည် အစင်း ၂၀၀ နီးပါးနဲ့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ပြီးနောက် တီဟီရန် ကို လက်တုံ့ပြန်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုခဲ့ပြီး တန်ဖိုးပေးဆပ်ရမယ်လို့ ပြောပါ တယ်။
“အီရန်နိုင်ငံဟာ ဒီညမှာ အမှားကြီးတစ်ခု ပြုလုပ်ခဲ့ပြီး အဲဒီအတွက် တန်ဖိုးပေးဆပ်ရပါလိမ့်မယ်” လို့ အစိုးရအဖွဲ့အစည်းအဝေးမှာ နေတန်ယာဟုက ပြောပါတယ်။
အီရန်နိုင်ငံဟာ အင်္ဂါနေ့ညနေပိုင်းက အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ နဲ့ တိုက်ခိုက်ခဲ့ရာ အစ္စရေး နဲ့ အီရန်၊ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်နေတဲ့ အာရပ်မဟာမိတ်တွေကြား တိုက်ခိုက် မှုတွေ အရှိန်မြှင့်လာတာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံအပေါ် ဒုံးကျည်တိုက်ခိုက်မှုဟာ ပြီးဆုံးခဲ့ပြီး ထပ်မံပြီး ရန်စမှုတွေမပြုလုပ်အောင် ဟန့်တားနိုင်ခဲ့ကြောင်း အီရန်နိုင်ငံက ယနေ့ ပြောကြားခဲ့ပြီး အီရန်ကို လက်တုံ့ပြန်ဖို့ အမေရိကန်နိုင်ငံက ကတိပြုခဲ့ပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုဟာ လေတပ်အခြေစိုက်စခန်းတွေ၊ ရေဒါစခန်းတွေအပြင် ဟားမာစ်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့ အကြီးတန်းခေါင်းဆောင်တွေကို သတ်ဖြတ်တဲ့ လုံခြုံရေးစခန်းတွေကို ပစ်မှတ်ထားခဲ့ တာလို့ နိုင်ငံပိုင်ရုပ်သံဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအတွင်း အီရန်နိုင်ငံက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ဘဲ အီရန်နိုင်ငံဟာ ဂါဇာ၊ လက်ဘနွန်နဲ့ အခြားဒေသတွေ က ရန်သူတွေ တွေ့ကြုံခဲ့ရသလိုမျိုး နာကျင်သော သင်ခန်းစာတစ်ရပ် မကြာခင် သင်ယူရမယ်လို့ နေတန် ယာဟုက ပြောပါတယ်။ “ကျွန်တော်တို့ကို ဘယ်သူကပဲ တိုက်ခိုက်ပါစေ ကျွန်တော်တို့က ပြန်တိုက်ခိုက် မှာ” လို့ သူက ဆိုပါတယ်။
ဒုံးကျည်များစွာကို ဖျက်ချခဲ့ကြောင်း အစ္စရေးနိုင်ငံက ပြောကြားခဲ့ပြီး အမေရိကန်ဖျက်သင်္ဘော တွေက အစ္စရေးနိုင်ငံရဲ့ကာကွယ်ရေးကို ကူညီခဲ့တယ်လို့ ဝါရှင်တန်မြို့တော်ရှိ တာဝန်ရှိသူတွေက ပြောပါ တယ်။
အစ္စရေးနိုင်ငံကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။
အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် အစ္စရေးနိုင်ငံကို အပြည့်အဝ ထောက်ခံတယ် လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး သင့်တော်သောတုံ့ပြန်မှုပြုလုပ်ဖို့ သူ့ရဲ့လက် ထောက်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ပြင်သစ်နဲ့ အစ္စရေးရဲ့ တောင်းဆိုချက်ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဒီနေ့မနက်က အရှေ့အလယ်ပိုင်းမှာ အခြေအနေ တင်းမာလာမှုနဲ့ပတ်သက်လို့ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ် ခဲ့ပါတယ်။
ကိုးကား – Hindustan Times
Ref; Iran attacks Israel, fires nearly 200 missiles; PM Benjamin Netanyahu says Tehran ‘will pay for it’
#Ayeyarwaddy_Times