(မင်းတပ်)၊ ဧရာဝတီတိုင်း
အောက်တိုဘာ ၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က တစ်ရက်တည်း အရပ်သားပြည်သူနေအိမ် ၃၀ ကျော်ကို ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့မနက်ပိုင်းက မင်းတပ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အနောက်ရပ်ကွက်ရှိ မင်းတပ် – မတူပီ လမ်းမကြီးတစ်လျှောက် အရပ်သားပြည်သူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မီးရှို့ခဲ့ခြင်းဖြစ်သည်။

“ညနေ ၃ နာရီလောက်က မီးစတင်ရှို့ပြီး ညနေ ၆ နာရီထိ စစ်သားတွေ မီးရှို့နေကြတုန်းဖြစ်တယ်။ အဲ့ဒီမီးကို စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကနေ ဆိုင်ကယ် သုံးစီးနဲ့ သယ်လာတဲ့ ဓာတ်ဆီတွေနဲ့ တစ်အိမ်တက်ဆင်း မီးလိုက်ရှို့နေကြတာဖြစ်ပါတယ်” ဟု မင်းတပ်ဒေသခံ မျက်မြင်သက်သေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မီးလောင်နေသည့် နေအိမ်များကို မီးငြိမ်းသက်ရန်အတွက် လာရောက်သည့် အရပ်သားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနားကပ်ခွင့်မပေးဘဲ သေနတ်ဖြင့် ပစ်ခတ်နေကြောင့် သိရှိရသည်။

မင်းတပ်မြို့တွင် သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမူကြောင့် အရပ်သားနေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားကြောင့် CDF-Mindat က စက်တင်ဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သန်းခေါင်စာရင်း ကောက်ယူမည်ဟုဆိုသော်လည်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ ပစ်ခတ်မူများကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

#မင်းတပ်မြို့ #အရပ်သားပြည်သူ #နေအိမ်၃၀ကျော် #စစ်ကောင်စီတပ် #မီးရှို့ #Ayeyarwaddy_Times