
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစ္စရေးရဲ့ ဂါဇာနဲ့လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေကို မရပ် တန့်နိုင်ရင် ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၅၀ ပြည့်နှစ်မှာ အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ရပ် နဲ့အညီ အင်အားသုံးဖို့ ထောက်ခံသင့်တယ်လို့ တူရကီသမ္မတ တေယက်အာဒိုဂန်က မနေ့က ပြောပါ တယ်။
ဂါဇာဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာစ်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထား သော လက်ဘနွန်နိုင်ငံရှိ မကြာသေးမီက တိုက်ခိုက်မှုတွေကို နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံက ရှုတ်ချခဲ့ပါ တယ်။
တူရကီနိုင်ငံဟာ အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းခဲ့ပြီး ကမ္ဘာ့တရားရုံးမှာ အစ္စရေးနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှုမှာ ပူးပေါင်းခဲ့ပါတယ်။
“လုံခြုံရေးကောင်စီက အစ္စရေးရဲ့ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ရင် ကုလသမဂ္ဂ အထွေထွေညီလာ ခံဟာ ၁၉၅၀ ပြည့်နှစ် ဆုံးဖြတ်ချက်နဲ့အညီ အင်အားသုံးဖြေရှင်းခွင့် ပြုသင့်ပါတယ်” လို့ အန်ကာရာမြို့ တော်က အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ အာဒိုဂန်က ပြောပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ပျက်ကွက်မှုကြောင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်ကြား သဘောထားကွဲလွဲရင် ကုလသမဂ္ဂ အ ထွေထွေညီလာခံက အင်အားသုံးဖြေရှင်းခွင့်ပြုတယ်လို့ ဆုံးဖြတ်ချက်က ဆိုပါတယ်။
လုံခြုံရေးကောင်စီဟာ အင်အားသုံးဖြေရှင်းတာနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တာမျိုးလို တရား ဝင် ဆုံးဖြတ်ချက်တွေ ပြုုလုပ်ခွင့်ရှိတဲ့ တစ်ခုတည်းသော ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်ပါတယ်။
အစ္စရေးနိုင်ငံအပေါ် အရေးယူဖို့ တက်ကြွသော ရပ်တည်ချက်မရှိတဲ့ မူဆလင်တိုင်းပြည်တွေကို မြင်တွေ့ရတာ ဝမ်းနည်းမိတယ်လို့ အာဒိုဂန်က ဆိုပြီး အပစ်အခတ်ရပ်စဲရေးကို လက်ခံရေး အစ္စရေးကို စီးပွားရေး၊ သံတမန်ရေးနဲ့ နိုင်ငံရေး အစီအမံတွေနဲ့ ဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို မရပ်တန့်ရင် မကြာမီ မူဆလင်တိုင်းပြည်တွေကို ပစ်မှတ်ထားလာ လိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Reuters
Ref; Turkey’s Erdogan urges UN to recommend force if Israel doesn’t stop attacks
#Ayeyarwaddy_Times