ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်သောကြောင့် နေအိမ်တွင် ဖြေကြားမည့်သူတစ်ဦးရှိနေရန် သတိပေးစာများ ပေးပို့နေကြောင်းသိရှိသည်။

” မနေ့က ရက်ကွက်ဆယ်အိမ်မှူးက စာရွက်တွေလိုက်ဝေတာ သူတို့လာကောက်တဲ့အချိန်မှာ အိမ်မှာတစ်ဦးဖြေကြားပေးဖို့ အကြောင်းကြားစာပုံစံမျိုး အိမ်တိုင်းကို လိုက်ပေးနေတာပဲ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ငပုတောမြို့နယ်ရှိ ကျေးရွာများတွင်လည်း စက်တင်ဘာလ ၃၀ရက်နေ့မှစတင်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမည့်မေးခွန်းများကို ကြိုတင်ဖြေကြားရန်အတွက်စာရွက်များလိုက်လံ ပေးနေကြောင်း ဒေသခံများကပြောသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်တွင် တိုင်းအတွင်းရှိမြို့နယ်အချို့တွင် စစ်ကောင်စီ တပ်၊ ရဲ နှင့် ပြည်သူ့စစ်များ လုံခြုံရေးယူကာ ရပ်ကွက်များတွင် သန်းခေါင်းစာရင်းများ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း တနိုင်ငံလုံးရှိ စစ်ကောင်စီထိန်းချုပ်သောဒေသများ၌ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီဥက္ကဌမှညွန်ကြားထားပြီး ကောက်ယူမည့်အဖွဲ့များတွင် ထွေအုပ်၊လ၀က၊ ကျောင်းဆရာ၊ ဆရာမများနှင့်ရပ်ကွက်များမှ နေ့စား လုပ်အားပေးဆိုသူများ ပါ၀င်ကြောင်းသိရှိရသည်။

#သန်းခေါင်စာရင်း #နေအိမ် #ဧရာဝတီတိုင်း #သတိပေးစာ #ပေးပို့
#Ayeyarwaddy_Times