
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံက စိုးရိမ်မိတယ်လို့ စက်တင်ဘာလ ၂၈ ရက် က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဆော့ခ်ချန် ဒါဆိုဖီယာက ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာ့အရေးမှာ ငြိမ်းချမ်းသောအဖြေရှာဖို့ ဘုံ သဘောတူညီချက် (၅) ရပ်ကို လက်ကိုင်ပြုထားဆဲလို့ ၎င်းက ဆိုပါတယ်။
လာအိုနိုင်ငံရဲ့ အာဆီယံ အလှည့်ကျဉက္ကဌတာဝန်ယူမှုနဲ့ မြန်မာနိုင်ငံ နဂိုအခြေအနေပြန်ရောက် ရေး ကြိုးပမ်းမှုတွေကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။
ဂျူလီဘီးရှော့ပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မှုကို ကမ္ဘောဒီးယားနိုင်ငံက ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာ့အရေး အဖြေရှာဖို့ သိသာတဲ့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီမှ အထွေထွေအတွင်းရေးမှူး ယန်ပီအော်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ထိုအချိန်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က အာဆီယံဉက္ကဌအနေနဲ့ မြန် မာနိုင်ငံသို့ သွားရောက်ကာ စစ်ကောင်စီဉက္ကဌ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
“ဟွန်ဆမ်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ အာဆီယံခေါင်းဆောင်အချို့နဲ့ အင်အားကြီးနိုင်ငံ တွေက သူ့ကို ဝေဖန်ခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ကြိုးပမ်းခဲ့သလိုမျိုး မြန်မာအကျပ်အတည်း ဖြေ ရှင်းဖို့ အခုချိန်ထိ ဘယ်သူကမှ နည်းလမ်းကောင်းတစ်ရပ် မလုပ်နိုင်သေးပါဘူး။ သူတို့က မြန်မာနိုင်ငံကို ပြည်တွင်းစစ်ဖြစ်အောင် တွန်းအားပေးခဲ့ပုံပေါ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – The Phnom Penh Post
Ref; Cambodia backs Palestinian state, Myanmar consensus at UN General Assembly
#Ayeyarwaddy_Times