ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
လက်ဘနွန်နိုင်ငံတစ်ဝှမ်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၀၅ ဦးထက်မ နည်း သေဆုံးခဲ့ပြီး ၃၅၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေရဲ့ ပြောကြား ချက်အရ သိရပါတယ်။
တောင်ပိုင်းရှိ ဆီဒွန်မြို့အနီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုက လူနေဆောက်အအုံနှစ် ခုကို ထိမှန်ခဲ့ရာ လူ ၃၂ ဉီး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ‘အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ အဖြစ် လက်ဘနွန် နိုင်ငံရေးသမားတွေက ခေါ်ဆိုခဲ့ပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေးနိုင်ငံက ပြောဆိုခဲ့ပေမယ့် ဗုံးကြဲ မှုကြောင့် လက်ဘနွန်တောင်ပိုင်းက လူနေအိမ်တွေ ထိမှန်ခဲ့တယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ပြော ပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟတ်ဆန်နူဆရာလာကို ဘေရွတ်မြို့ ဆင်ခြေဖုံးက လေကြောင်း တိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ပြီးနောက် အစ္စရေးက ဗုံးကြဲမှုတွေ ဆက်တိုက် ပြုလုပ်လာတာပါ။
အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့က ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ နိုင်ငံရေး တာဝန်ရှိသူ ရှိတ်ခ်နာဘီးလ် ကာအုပ်ကို သုတ်သင်ခဲ့ပါတယ်။
အစ္စရေး အခြေစိုက်စခန်းတွေအပေါ် စစ်ဆင်ရေးတွေအပြင် ဆာဖတ်မြို့ကို ပစ်မှတ်ထားတဲ့ ဒုံး ကျည်တိုက်ခိုက်မှုပြုလုပ်ကြောင်း ဟက်ဇ်ဘိုလာအဖွဲ့က ကြေညာခဲ့ပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ကို နယ်စပ်မှ မောင်းထုတ်ဖို့ရည်ရွယ်ကာ အစ္စရေးနိုင်ငံက စက်တင်ဘာလ ၂၃ ရက်မှာ လက်ဘနွန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; Israeli attacks kill 105 people in Lebanon as war escalates
Ayeyarwaddy_Times