ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

အရေးပါသော အွန်လိုင်းရာဇဝတ်ဂိုဏ်း အဖွဲ့ဝင် ၂၀ ကို မြန်မာနိုင်ငံမှ တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ဖို့နဲ့ လုံခြုံရေးနဲ့ တည် ငြိမ်မှု ရရှိစေဖို့ တရုတ်နဲ့မြန်မာကြား ခိုင်မာသော စိတ်ပိုင်းဖြတ်ထားမှုကို ဖော်ပြနေတာလို့ တရုတ်၊ ပြည် သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၂၀ ဦးကို တရုတ်ရဲအရာရှိတွေက စင်းလုံးငှားလေယာဉ်တစ် စင်းနဲ့ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။

သံသရှိသူအချို့ဟာ မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသမှာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်နေပြီး လက် နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ကာ ကျားဖြန့်လုပ်ငန်းတွေ ထူထောင်ခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားကာ အွန်လိုင်းငွေလိမ်လုပ်ငန်း တွေကို လုပ်ကိုင်ခဲ့ပြီး အကြမ်းဖက်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

အာဏာပိုင်တွေက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ရာ သံသယရှိသူ ကျားဖြန့်လုပ်ကိုင်သူတွေ ဟာ ရန်ကုန်နဲ့မန္တလေးကဲ့သို့ မြို့တွေကို ထွက်ပြေးခဲ့ပါတယ်။

လိုအပ်သော စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူတွေကို တ ရုတ်နိုင်ငံရှိ အဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါ တယ်။

ကိုးကား – Global Times
Ref; 20 key suspects of telecom fraud gangs handed over to China from Myanmar

#Ayeyarwaddy_Times