ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ဟိမဝန္တာတောင်တန်းဒေသရှိ နီပေါနိုင်ငံမှာ သောကြောနေ့က စတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့တယ်လို့ နီပေါရဲ တပ်ဖွဲ့က ပြောပါတယ်။
လူ ၆၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲပဲလို့ ဒေသန္တရရဲတပ်ဖွဲ့က ပြောပြီး အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
ခေတ္တမန္ဒူမြို့တော်နဲ့ ဆင်ခြေဖုံးတွေမှာ မြစ်တွေ ကျိုးပေါက်ခဲ့ရာ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး အ ရေးပါသော အဝေးပြေးလမ်းမကြီးတွေ ပိတ်ဆို့ခဲ့ပါတယ်။
ရွှံ့ရေတွေ လမ်းတွေပေါ် ပြည့်နှက်နေပြီး ရေဘေးသင့်ဒေသခံတွေကို ရော်ဘာလှေတွေနဲ့ ကယ် တင်နေပုံကို ရေဘေးသင့်ဒေသတွေမှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေက ဖော်ပြနေပါတယ်။
နီပေါနိုင်ငံမှာ မိုးရာသီကျရောက်နေလို့ တိုင်းပြည်တစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
ဇူလိုင်လအတွင်းက တောင်ကုန်းထူထပ်ရာ အလယ်ပိုင်းဒေသမှာ မြေပြိုမှုကြောင့် မြစ်တစ်စင်း အတွင်း ဘတ်စ်ကားနှစ်စင်း ထိုးဆင်းခဲ့ရာ လူ ၂၀ သေဆုံးခဲ့ပြီး ၄၀ ခန့် ပျောက်ဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Over 60 people confirmed dead in Nepal floods and landslides
#Ayeyarwaddy_Times