
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
လက်ဘနွန်နိုင်ငံအခြေစိုက် ရှီးယိုက်မူဆလင်အဖွဲ့ခေါင်းဆောင် ဟတ်ဆန်နာဆရာလာကို သုတ် သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။ ဟက်ဇ်ဘိုလာအဖွဲ့ကလည်း ခေါင်း ဆောင်ဖြစ်သူရဲ့ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မြို့ ဆင်ခြေဖုံးရှိ ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ဌာနချုပ်ကို ပစ်မှတ် ထားတဲ့ သောကြာနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဟတ်ဆန်နာဆရာလာ သေဆုံးခဲ့တာလို့ အစ္စရေးစစ် တပ်က ပြောပါတယ်။
တိုက်ခိုက်မှုပြုလုပ်ချိန်မှာ ဟတ်ဆန်နာဆရာလာက ဟက်ဇ်ဘိုလာအဖွဲ့ ဌာနချုပ်ရဲ့ မြေအောက် ခန်းထဲမှာ ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံသားတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ် တပ်က ထုတ်ပြန်ချက်အတွင်း စွပ်စွဲခဲ့ပါတယ်။ အစ္စရေးနိုင်ငံအပေါ် အကြမ်းဖက်မှုတွေမှာ ပါဝင်သူတွေ ကို တိုက်ခိုက်မှု ဆက်လက်ပြုလုပ်မယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့အားလုံးက ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အတူရှိတယ်လို့ အီရန်ခေါင်း ဆောင်ကြီး အယာတိုလာခါမေနီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ အီရန်က ဟက်ဇ်ဘိုလာ အဖွဲ့ကို ကျောထောက်နောက်ခံပြုထားပါတယ်။
ဒီလအစောပိုင်းမှာ အစ္စရေးစစ်တပ်ဟာ ဟက်ဇ်ဘိုလာအဖွဲ့ကို လက်တုံ့ပြန်မယ့် စစ်ရေးရည်မှန်း ချက်စာရင်းကို တိုးချဲ့ခဲ့ပါတယ်။
စက်တင်ဘာလ ၂၃ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘ နွန်နိုင်ငံမှာ လူအမြောက်အများ သေဆုံးခဲ့ပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ဘေရွတ်မြို့တော်ဝန်းကျင်ရှိ လက်နက်ထုတ်လုပ်ရေး အဆောက်အအုံတွေ နဲ့ လက်ဘနွန်အရှေ့ပိုင်းရှိ အမာခံနယ်မြေတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
မြေပြင်ကျူးကျော်မှု ပြုလုပ်နိုင်ဖို့ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ အရန်တပ်မဟာနှစ်ခု ထပ်တိုး စေ လွှတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ဟတ်ဆန်နာဆရာလာအား သတ်ဖြတ်မှုကြောင့် အစ္စရေးနဲ့ ဟက်ဇ်ဘိုလာအဖွဲ့ကြား ပဋိပက္ခ အ ရှိန်မြှင့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ကိုးကား – NHK
Ref; Israel says Hezbollah leader Nasrallah killed; Hezbollah confirms death
#Ayeyarwaddy_Times