
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
တရုတ်နိုင်ငံရဲ့ အသစ်လွင်ဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ တည်ဆောက်နေ ဆဲ နစ်မြုပ်သွားခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးအား ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဆိုပါရေငုပ်သင်္ဘောဟာ မေလနဲ့ဇွန်လအတွင်း ဟူဘေပြည်နယ်၊ ယန်ဇီမြစ်ပေါ်ရှိ သင်္ဘော ကျင်းတစ်ခုမှာ နစ်မြုပ်ခဲ့တာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးအား ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဘယ်လိုအကြောင်းကြောင့် ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့တယ်ဆိုတာကိုတော့ သတင်းတွေက မဖော် ပြခဲ့ပါဘူး။
တရုတ်ရေငုပ်သင်္ဘော နစ်မြုပ်တာကို ဝါရှင်တန်က အတည်ပြုနိုင်တယ်လို့ အမေရိကန်အစိုးရ အ ကြီးတန်း အရာရှိတစ်ဉီးက ပြောပေမယ့် အဆိုပါရေငုပ်သင်္ဘောက နျူကလီးယားလောင်စာ သယ်ဆောင် ခြင်း ရှိ မရှိကို မရှင်းလင်းဘူးလို့ ဆိုပါတယ်။
တရုတ်အာဏာပိုင်တွေက ရေငုပ်သင်္ဘော နစ်မြုပ်မှုနဲ့ပတ်သက်လို့ မည်သည့် သက်ဆိုင်ရာ သ တင်းအချက်အလက်မျှ မထုတ်ပြန်ခဲ့ပေ။
တရုတ်နိုင်ငံက ရေငုပ်သင်္ဘော နစ်မြုပ်မှုကို ဖုံးကွယ်ထားတာ အံ့အားသင့်စရာမဟုတ်ဖူးလို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံက ရေတပ်အင်အားတိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ယခုဖြစ်စဉ်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းလက်နက်အစီအစဉ်တွေအနက် တစ်ခုအတွက် အဓိက အဟန့်အတားတစ်ခုလို့ သိရပါတယ်။
ကိုးကား – NHK
Ref; US media: China’s nuclear-powered submarine sank while under construction
#Ayeyarwaddy_Times