
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ နောက်ဆုံးအပတ်မှစတင်ပြီး လုံခြုံရေးအကြောင်းပြကာ ရပ်ကွက်များတွင် ညစဉ်တိုင်းဧည့်စာရင်း၀င်စစ်နေကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်။
” အရင်က အကြာကြီးမှ တစ်ခါလောက်စစ်တာ။ အခုက ရက်ခြားလိုစစ်နေတာ။ သူတို့လာစစ်တဲ့အချိန်ဆို အိမ်မှာရှိတဲ့လူအကုန်လမ်းပေါ်ထွက်ပြီးရပ်ပြရတယ် “ဟု ပုသိမ်မြို့ခံတ
စ်ဦးမှ ဧရာ၀တိတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့တွင် ညစဉ်တိုင်း စစ်ကောင်စီတပ်၊ ရဲ၊ အရန်မီးသတ်နှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လှည့်ကင်းပတ်ခြင်းနှင့် လူငယ်တစ်ချို့ကို မင်္သကာဟုဆိုကာ ဖမ်းဆီးငွေတောင်းပြီး ပြန်လွှတ်ပေးခြင်းများကိုလည်း လုပ်ဆောင်နေသည်မှ ပုသိမ်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပုသိမ်မြို့နယ်တွင်းရှိ ရပ်ကွက်များကို ယခင်က တစ်လခန့်ကြာမှသာ တစ်ကြိမ်ခန့် ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သော်လည်း ယခုလပထမပတ်ကစတင်ကာ ညစဥ်တိုင်း
ရပ်ကွက်အလိုက် စစ်ဆေးနေပြီး ဧည့်စာရင်းတိုင်ထားသည့်ဧည့်သည်များ၊ အိမ်ဌားနေထိုင်သူများ၏နေအိမ်များကို အဓိကထားစစ်ဆေးနေကြောင်း သိရသည်။
#ပုသိမ်မြို့ #ဧည့်စာရင်းစစ်ဆေးမှု #ဆက်တိုက်ပြုလုပ်နေ
#Ayeyarwaddy_Times