
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
တရုတ်နိုင်ငံက နျူကလီးယားစွမ်းရည်ကို အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့ အနည်းဆုံးအ ဆင့် ထိန်းသိမ်းမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
တရုတ်နိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ပြီး တစ်ရက်အကြာမှာ ကာ ကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်ကျားဂမ်က စက်တင်ဘာလ ၂၆ ရက်မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုက လက်နက်စွမ်းဆောင်ရည် စမ်းသပ်ဖို့ရည်ရွယ်ပြီး ပုံမှန် လုပ် ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို သက်ဆိုင်ရာတိုင်းပြည်တွေထံ ကြို တင် အကြောင်းကြားခဲ့ပြီး စစ်တပ်ရဲ့ ပွင့်လင်းမြင်သာမှုကို ပြသခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်က တိုက်ချင်းပစ်ဒုံးကျည် မပစ်လွှတ်မီ ဂျပန်နိုင်ငံကို အကြောင်းမကြားခဲ့ဘူးလို့ ဂျပန်အ စိုးရ ပြောရေးဆိုခွင့်ရှိသူ ဟာယာရှီယိုရှီကာဆာက ပြောပါတယ်။
နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော အဆိုပါတိုက်ချင်းပစ်ဒုံးကျည်ဟာ တည်ငြိမ်သော၊ ကျိုးကြောင်းဆီလျော်သော တရုတ်ရဲ့ နျူကလီးယားမူဝါဒကို ဖော်ပြနေပြီး လက်နက်ပြိုင်ဆိုင်မှုဖြစ်ဖို့ မကြိုးပမ်းဘူးလို့ ကျောင်ကျားဂမ်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုက သမုဒ္ဒရာတစ်ခုအပေါ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်စမ်းသပ်မှုလို့ ယူဆရပါတယ်။
တရုတ်နိုင်ငံရဲ့ မျှော်မှန်းထားတာထက် နျူကလီးယားအင်အား တိုးချဲ့မှုကို အမေရိကန်နဲ့ အခြား တိုင်းပြည်တွေက စိုးရိမ်နေကြပါတယ်။
တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့ကပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ပတ်သက်လို့ ကျောင်ကျားဂမ် က အသေးစိတ်မပြောပေမယ့် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော ဒေါင်ဖန်း-၄၁ သို့မဟုတ် ဒေါင် ဖန်း-၃၁ အေဂျီအမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်လို့ ကျွမ်းကျင်သူအချို့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုက အမေရိကန်နဲ့ မဟာမိတ်တွေကို အ ဆင့်မြှင့်ထားတဲ့ နျူကလီးယားစွမ်းရည် ပြသဖို့ရည်ရွယ်တာလို့ သိရပါတယ်။
ကိုးကား – NHK
Ref; China says it will keep minimum level of nuclear capabilities
#Ayeyarwaddy_Times