ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ယူကရိန်းက ရုရှားကျူးကျော်သူတွေကို အနိုင်ရဖို့ ယူကရိန်းသို့ ဒေါ်လာ ၈ ဘီလီယံကျော်တန် ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ကြေ ညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ အကူအညီထဲမှာ ၈၁ မိုင်အထိ ရောက်ရှိနိုင်တဲ့ Joint Standoff Weapon လို့ခေါ်တဲ့ ပဲ့ထိန်းဗုံးတစ်မျိုး ပါဝင်ပါတယ်။ အဆိုပါတာလတ်ဒုံးကျည်တွေကြောင့် ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အားသားချက်ရှိလာမှာဖြစ်ပါတယ်။

ပစ်မှတ်တွေကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အဆိုပါဗုံးတွေကို ဂျက်တိုက်လေယာဉ်တွေက နေ ကြဲချလို့ရတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အမေရိကန်ထုတ်ဒုံးကျည်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးတာကို ဂျိုးဘိုင်ဒင်က ကြေညာမှာမဟုတ်ဖူးလို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြော ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီရေးဟာ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းဉီးစားပေးလုပ်ငန်းတစ်ခုလို့ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အကူအညီသစ် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကို အမေရိကန် ဘဏ္ဍာရေးနှစ်မကုန်မီ ခွဲဝေပေးမှာ ဖြစ်ပြီး ယူကရိန်း လုံခြုံရေးအကူအညီ အစီအစဉ်အရပေးအပ်မယ့် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကို ယူက ရိန်းအတွက် စစ်လက်နက်တွေ ဝယ်ယူရာမှာ သုံးစွဲမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ဒရုန်း၊ ဝေဟင်-မြေပြင်ခွင်း ဒုံးတွေ ထောက်ပံ့မှာဖြစ်သလို စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသို့ ပက်ထရီးယော့ဒုံးခွင်းစနစ်အပြင် ပက်ထ ရီးယော့ဒုံးကျည်တွေ ထောက်ပံ့မှာဖြစ်ပါတယ်။

ယူကရိန်း F-16 ဂျက်တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမှု တိုးချဲ့ဖို့လည်း ဂျိုးဘိုင်ဒင်က ပင် တဂွန်ကို ညွှန်ကြားခဲ့ပါတယ်။

စစ်ရေးအကူအညီသစ်အတွက် ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်ကွန်ဂရက်ကို ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပြီး ယူကရိန်းက စစ်ရေးအကူအညီကို အထိရောက်ဆုံး ပွင့် လင်းမြင်သာစွာ အသုံးပြုမယ်လို့ ဆိုပါတယ်။

ကိုးကား – Reuters
Ref; Biden announces $8 billion in military aid for Ukraine

#Ayeyarwaddy_Times