ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားလက်နက်တွေ အသုံးပြုမယ်လို့ အရိပ်အမြွက် ထုတ်ပြောခဲ့ပြီး အဆိုပါလက်နက်တွေ ဖြန့်ကြက်နိုင်ရေး စည်းမျဉ်တွေ အပြောင်းအလဲပြုလုပ်ဖို့ တောင်း ဆိုလိုက်ပါတယ်။

ပူတင်ဟာ နျူကလီးယားလက်နက်နဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ရုရှား လုံခြုံရေးကောင်စီနဲ့ အ စည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ နျူကလီးယားအယူဝါဒမှာ အပြောင်းအလဲတွေပြုလုပ်ဖို့ သူက အဆိုပြုခဲ့ပြီး လက်ရှိ စစ်ရေးနဲ့နိုင်ငံရေး အခြေအနေက သိသိသာသာ ပြောင်းလဲနေတာကို ရုရှားက ထည့်သွင်းစဉ်းစားရမယ် လို့ ပြောပါတယ်။

နျူကလီးယား အင်အားကြီးတစ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ နျူကလီးယားမပိုင်ဆိုင်သော နိုင်ငံတစ်ခု ရဲ့ တိုက်ခိုက်မှုကို ပူးတွဲတိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ရမယ်လို့ ၎င်းက ပြောပါတယ်။

ဒီလိုအခြေအနေဖြစ်လာရင် လက်တုံ့ပြန်မှုအဖြစ် ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ အ သုံးပြုနိုင်တယ်လို့ သူက ဆိုပါတယ်။

ရုရှားနယ်စပ်ကို ဒုံးကျည်နဲ့ လေယာဉ်အမြောက်အများ ဝင်ရောက်လာတယ်ဆိုတဲ့ ယုံကြည်စိတ် ချရသော သတင်းအချက်အလက်ရရှိပါက ရုရှားက နျူကလီးယားလက်နက် အသုံးပြုမှုကို စဉ်းစားမယ် လို့ ၎င်းက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်အပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းပေးဖို့ ယူကရိန်းက အ နောက်နိုင်ငံတွေကို တောင်းဆိုနေပါတယ်။

ပူတင်ရဲ့ မှတ်ချက်စကားက အနောက်နိုင်ငံတွေအပေါ် ယူကရိန်းရဲ့ တောင်းဆိုချက်ကို သတိပေး မှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

ကိုးကား – NHK
Ref; Putin hints at using nuclear weapons in certain circumstances

#Ayeyarwaddy_Times