ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

အကျဉ်းချခံထားရတဲ့ မြန်မာခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရ ဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံခဲ့ပြီး ဗာတီကန်စီးတီးမှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းလိုက်ပါ တယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့သားဖြစ်သူကို ရောမမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်” လို့ အရှေ့တောင်အာရှဒေသ ၁၂ ရက် ခရီးစဉ်အတွင်း သူက ပြောကြားခဲ့ပါ တယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဒီမိုကရေစီကို လေးစားသမှုရှိတဲ့ လူတိုင်းအတွက် ဂုဏ်သိက္ခာနဲ့ အ ခွင့်အရေးကို လေးစားသမှုအပေါ် အခြေခံမှု ဖြစ်ရပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအတွင်း ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံအစိုးရကို ဖယ်ရှားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုကာ ထောင် ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။

လူနည်းစု မူဆလင်အသိုင်းအဝိုင်းအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ကာ ကွယ်ပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို လေးစားသမှုထားဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆို ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခကို ထုတ်ဖော်မပြောတာကြောင့် အ ပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအပေါ် သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတေွ အရှိန်မြှင့် လာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဖော်ပြချိန်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို မှတ်ချက် ပြုတာပါ။

ကိုးကား – Independent
Ref; Pope appeals for Aung San Suu Kyi’s release and says she can stay with him at the Vatican

#Ayeyarwaddy_Times