ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
မြောက်ကိုရီးယားနိုင်ငံက ဘယ်အချိန်မဆို နျူကလီးယား စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ အဆင်သင့် ရှိနေဆဲဖြစ်ပြီး နိုဝင်ဘာလအတွင်း အမေရိကန် သမ္မတရွေးကောက်ပွဲ ပြုလုပ်ချိန်ဝန်းကျင်မှာ နျူကလီး ယားစမ်းသပ်မှု ပြုလုပ်နိုင်တယ်လို့ တောင်ကိုရီးယားအစိုးရ အကြီးတန်းအရာရှိတစ်ဉီးက ပြောပါတယ်။
အမျိုးသားလုံခြုံရေးရုံး အကြီးအကဲ ရှင်ဝန်ဆစ်ဟာ တနင်္လာနေ့က YTN ရုပ်သံအစီအစဉ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ သတ္တမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်ဖွယ်ရှိမှုနဲ့ပတ်သက် လို့ ပြောကြားခဲ့တာပါ။
ခေါင်းဆောင် ကင်ဂျုံအန် ဆုံးဖြတ်ချိန်မှာ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်စွမ်းရှိတယ်လို့ ၎င်းက ဆိုပါတယ်။
နျူကလီးယားစမ်းသပ်မှုက မဟာဗျူဟာမြောက် အားသာချက်တစ်ရပ် ဖြစ်စေခြင်းရှိ မရှိ ဆုံး ဖြတ်ပြီးလျင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်မယ်လို့ သူက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားက အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် အပြီးမှာ ယင်းကဲ့သို့ သော ဆုံးဖြတ်ချက်တစ်ရပ် ပြုလုပ်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒီလအစောပိုင်းမှာ မြောက်ကိုရီးယားမီဒီယာတွေ ဖော်ပြခဲ့တဲ့ ကင်ဂျုံအန်ရဲ့ ယူရေနီယမ်သန့်စင် စက်ရုံတစ်ခုသို့ သွားရောက်မှုကို ရှင်ဝန်ဆစ်က ရည်ညွှန်းပြောခဲ့တာပါ။
အမေရိကန် ရွေးကောက်ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားဟာ နျူကလီးယားစွမ်းရည်တွေ မြှင့် တင်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စိတ်ဝင်စားမှုရရှိအောင် ကြိုးပမ်းနေတာလို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; S.Korea: North may conduct nuclear test around US election in November
#Ayeyarwaddy_Times