
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ထိုင်း ဒေသန္တရအာဏာပိုင်တွေဟာ အင်္ဂါနေ့က အယုဒ္ဓယပြည်နယ်၊ ဥထိုင်းခရိုင်ရှိ ဆောက်လုပ် ရေးလုပ်ငန်းခွင်တစ်ခုကို စီးနင်းခဲ့ပြီး မြန်မာနိုင်ငံမှ တရားမဝင်လုပ်သား ၂၇၂ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။
ဥထိုင်းခရိုင်ရုံးနဲ့ အယုဒ္ဓယပြည်နယ်ခန်းမမှ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၂၄ ရက် မနက် ၆ နာရီခန့်မှာ နွန်နမ်ဆွန်ရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို စီးနင်းခဲ့တာပါ။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇၂ ဦးကို ဖမ်းဆီးခဲ့ တယ်လို့ ဉထိုင်းခရိုင်ရုံးက ပြောပါတယ်။
သူနဲ့မြန်မာနိုင်ငံသား ၃၀၀ ခန့်ဟာ တက်ခ်ခရိုင်၊ မဲဆောက်မြို့သို့ နယ်စပ်ကို တရားမဝင် ဖြတ် ကျော်ပြီး ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံသားတစ်ဉီးက အာဏာပိုင်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ခရီးစရိတ်အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိဖို့ အလုပ်ပွဲ စားတွေကို ဘတ် ၂၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။
အလုပ်သမားတွေဟာ တစ်ရက်လျင် ဘတ် ၅၀၀ ရရှိပြီး ကျွမ်းကျင်လုပ်သားတွေက တစ်ရက် လျင် ဘတ် ၆၀၀ ရရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာပြည်တွင်းစစ်ကြောင့် ပြည်သူတွေဟာ ရွေးချယ်စရာ အနည်းငယ်သာရှိပြီး ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေရတယ်လို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ တရားမဝင် လုပ်သားတွေကို ဝင်ရောက်ဖမ်းဆီးတာ ဒုတိ ယအကြိမ်ဖြစ်ပြီး ပထမအကြိမ် စီးနင်းမှုက လွန်ခဲ့သောနှစ်နှစ်ကဖြစ်တယ်လို့ ပြည်နယ်အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားစွဲဆိုကာ မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Hundreds of illegal workers arrested in Ayutthaya
#Ayeyarwaddy_Times