ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

ရုရှားရဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့် အစိုးရတာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ နဲ့ အခြား ကာကွယ်ရေးနဲ့ အရေးပါသော အခြေခံအဆောက်အအုံလုပ်သားတွေ အသုံးပြုတဲ့ မိုဘိုင်းဖုန်း နဲ့ လက်တော့ပ်လိုမျိုး ဆက်သွယ်ရေးပစ္စည်းတွေမှာ တယ်လီဂရမ် အပလီကေးရှင်းကို ပိတ်ပင်လိုက် တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက ပြီးခဲ့တဲ့ သောကြာနေ့မှာ အခုလို ကြေညာခဲ့တာပါ။

ဖျက်ထားတဲ့ စာတွေအပါအဝင် တယ်လီဂရမ် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ကို ရုရှားထောက်လှမ်းရေးအဖွဲ့အစည်းတွေက ရယူနိုင်လို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ရုရှားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပါဗယ်ဒူရော့ဗ်နဲ့ အစ်ကိုဖြစ်သူ နီကိုလိုင်းတို့ တီထွင်ခဲ့တဲ့ တယ်လီဂ ရမ်ကို ယူကရိန်းအပါအဝင် ကမ္ဘာတစ်ဝှမ်း အသုံးပြသူ သန်း ၉၀၀ ခန့် ရှိပါတယ်။

“တယ်လီဂရမ်ပြဿနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိစ္စမဟုတ်ဘဲ အမျိုးသားလုံခြုံ ရေးကိစ္စ တစ်ခုသာဖြစ်တယ်” လို့ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ခိုင်လိုဘူဒါနော့ဗ်က ပြောပါ တယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားစစ်သည် ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဗြိတိန်ရုပ်သံလွှင့်ဌာန BBC နဲ့ ရုရှားမီဒီယာ Mediazona တို့က ဖော်ပြ ခဲ့ပါတယ်။

ကျန်ရစ်သူမိသားစုဝင်တွေရဲ့ လူမှုကွန်ရက်ပို့စ်တွေနဲ့ ဒေသန္တရမီဒီယာသတင်းတွေ အပါအဝင် လွတ်လပ်သော သတင်းရင်းမြစ်တွေမှ အချက်အလက်တွေကို ခြေရာခံပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲအစမှာ သေဆုံးသူတွေဟာ ငယ်ရွယ်သော စာချုပ်ထားတဲ့ စစ်သားတွေဖြစ်ပေ မယ့် လက်ရှိမှာ သေဆုံးသူအများစုဟာ တိုက်ခိုက်ရေးအတွေ့အကြုံ သို့မဟုတ် အထူးသင်တန်းမတက် ထားတဲ့ အသက် ၄၀ ကျော်တွေဖြစ်တယ်လို့ အဆိုပါမီဒီယာတွေက ဆိုပါတယ်။

ကိုးကား – NHK
Ref; Ukraine bans Telegram on official devices due to Russian security threats

#Ayeyarwaddy_Times