ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ကြက်ပေါင်ကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကျောင်းသို့သွားစဥ် ပျောက်ဆုံးသွားသော အထက်တန်းကျောင်းသူကို လေးရက်အကြာတွင် ချောင်းအတွင်းသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကောင်မလေးက ကျောင်းသွားတယ်ဆိုပြီး ရေခုန်ချသွားတာလို့ပြောနေကြတယ်။ အလောင်းပြန်တွေ့တော့ ဥတိုကြီးကူတို့ဆိပ်နား ဂျိုတိုပိုက်တဲစုက ကျားပိုက်ထဲမှာငြိနေတာ ပြန်တွေ့တာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသည့် ကျောင်းသူမှာ အထက ကြက်ပေါင်တွင် တက်ရောက်နေသော မရွှေနဒီမောင်ဟု သိရှိရပြီး စက်တင်ဘာ ၁၄ရက်နေ့က ကျောင်းတက်ရန် အိမ်မှထွက်သွားပြီးနောက်ပိုင်း ပြန်ရောက်လာခြင်း မရှိသောကြောင့် မိဘများမှ လူမှုကွန်ယက်တွင် လူပျောက်​ကြောင်းတင်၍ ရှာဖွေခဲ့ပြီးနောက် စက်တင်ဘာလ ၁၇ရက်နေ့တွင်အလောင်းပြန်တွေ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် အဆိုပါသေဆုံးမှနှင့်ပတ်သတ်၍ သင်္ဘောကျဥ်းရဲစခန်းမှ လာရောက်စစ်ဆေးခဲ့ပြီး လက်ရှိတွင် သေမှုသေခင်း ဖွင့်လှစ်ထားကြောင်းသိရှိရသည်။

#ပုသိမ်မြို့နယ် #ကြက်ပေါင်ကျေးရွာ #အထက်တန်းကျောင်းသူ #၄ရက်အကြာတွင် #အလောင်းပြန်တွေ့
#Ayeyarwaddy_Times