ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးထူ ထောင်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သဝမ်လွှာ ပေးပို့ခဲ့တယ်လို့ BelTA သတင်းဌာနက ဖော်ပြပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း နယ်ပယ်အသီးသီးမှာ နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ဆက်ဆံ ရေးတိုးမြှင့်ဖို့ အခြေခံအုတ်မြစ်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဘီလာရုစ်နဲ့မြန်မာပြည်သူတွေ အကျိုးဖြစ်စေ မယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ထိထိရောက်ရောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ သဝမ်လွှာအ တွင်း လူကာရှန်ကိုက ပြောပါတယ်။

နှစ်နိုင်ငံအစီအစဉ်တွေ ဆွေးနွေးဖို့နဲ့ အနာဂတ်အစီအစဉ်တွေ သတ်မှတ်ဖို့ ဘီလာရုစ်မြေမှာ မင်းအောင်လှိုင်ကို ကြိုဆိုရပါက ဝမ်းမြောက်မိမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မင်းအောင်လှိုင် ကျန်းမာ၊ ပျော်ရွှင်ပြီး အောင်မြင်မှုရရှိကာ မြန်မာပြည်သူတွေ ငြိမ်းချမ်းပြီး စိတ် ချမ်းသာပါစေကြောင်း လူကာရှန်ကိုက ဆန္ဒပြုတယ်လို့ သဝမ်လွှာက ဆိုပါတယ်။

ပြီးခဲ့သော ၂၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံစလုံးက ဘုံအကျိုးစီးပွားနဲ့ အပြန်အလှန် လေးစား သမှုကို အခြေခံပြီး ချစ်ကြည်ရင်းနှီးမှု ထူထောင်ခဲ့တယ်လို့ လူကာရှန်ကိုထံပေးပို့တဲ့ သဝမ်လွှာအတွင်း မင်းအောင်လှိုင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေး၊ သံခင်းတမန်ခင်းနဲ့ ပညာရေးအပါအဝင် နယ်ပယ်အသီး သီးမှာ နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုကြောင့် နှစ်နိုင်ငံပြည်သူတွေကြား ဆက်ဆံရေး တိုးမြှင့်စေခဲ့ပါ တယ်” လို့ မင်းအောင်လှိုင်ရဲ့ သဝမ်လွှာက ဖော်ပြပါတယ်။

အနာဂတ်မှာ ဘီလာရုစ်နဲ့မြန်မာဟာ နှစ်နိုင်ငံအကျိုးစီးပွားနဲ့အညီ နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံ တကာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။

ကိုးကား – Belta
Ref; Lukashenko hails potential for Belarus-Myanmar cooperation
#Ayeyarwaddy_Times