ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

အီရန်နိုင်ငံအရှေ့ပိုင်းရှိ ကျောက်မီးသွေးမိုင်းတစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သ မား ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

တောင်ခိုရာဆန်ပြည်နယ်ရှိ ကျောက်မီးသွေးမိုင်းမှာ စနေနေ့ည ၉ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ လူ ၇၀ ဝန်းကျင် အလုပ်လုပ်နေပြီး ပိတ်မိနေသူတွေကို ရှာဖွေနေတယ် လို့ သိရပါတယ်။ မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြော ပါတယ်။

သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က သေ ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ပြီး အလားတူဖြစ်စဉ်တွေ ထပ်မဖြစ်ရ အောင် အီရန်အစိုးရက အစီအမံတွေ လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။

ယခုပေါက်ကွဲမှုဟာ အီရန်နိုင်ငံရဲ့သမိုင်းမှာ သတ္ထုမိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေထဲမှာ အဆိုးရွားဖြစ် စဉ်တစ်ခုလို့ AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူဉီးရေဟာ ၅၀ ကျော်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကနဉီး ဖော်ပြခဲ့ပေမယ့် နောက် ပိုင်းမှာ သေဆုံးသူ ၃၀ ကျော်သာရှိတယ်လို့ ပြင်ဆင်ပြီး ဖော်ပြသွားပါတယ်။

ကိုးကား – NHK
Ref; Explosion at coal mine in Iran kills more than 30 workers
#Ayeyarwaddy_Times