
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
လားရှိုးမြို့နှင့် နောင်ချိုမြို့ကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ MNDAA က တိုက် ခိုက်သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီက လေကြောင်းကနေ ပြင်းအားမြင့်ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“၁၀ နာရီ ၁၅ က တကြိမ်၊ နောက် ၂၈ မိနစ်လောက်ကျ တော့ တကြိမ်၊ နှစ်ကြိမ်လာကြဲတာ။ လောဆယ်တော့ မန်ဆူနားတလုံး လားရှိုးမိုတယ်တလုံးလို့တော့ သိရတယ်။ အသေးစိတ်တော့မသိသေးဘူး”ဟု လားရှိုး ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ် သို့ လေကြောင်းဖြင့် ဗုံးကြဲချခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီစိုးမိုးနယ်မြေဖြစ်သည့် မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုံးဝပြု လုပ်မည်မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက် စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံကိုကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုပြီး သုံးရက်အကြာတွင် စစ်ကောင်စီဘက်က လားရှိုးမြို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း လားရှိူး မြို့နယ်၊ နမ့်ပေါင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ပြည်သူ ငါးဦးခန့်သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#ရှမ်းမြောက် #လားရှိုး #နောင်ချို #စစ်ကောင်စီ #ဗုံးကြဲ
#Ayeyarwaddy_Times