ဧရာဝတီတိုင်း
စက်တင်ဘာ ၂၂ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေး ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက် ခိုက်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီ ၅၈ မိနစ်ခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဆိုင်းတောင်နှင့် ဆိုင်းတောင်အနီးရှိ ရပ်ကွက်များကို ဗုံးကြဲချ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ပေါင် ၅၀၀ ဗုံးဖြစ်နိုင်တယ်။ အရင်ကထက် အသံလည်းပိုကျယ်တယ်။ အိမ်တွေလည်း တုန်ခါသွားတာ တအားပဲ။ ယူမာဘက်ကိုရော ဆိုင်းတောင်ကိုပါကြဲသွားတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီက ဖားကန့်မြို့၊ ယူမာကျေးရွာ၊ အဲဗားကုန်းသို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆိုင်းတောင်ကျေးရွာ ဘက်သို့လည်း ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။

KIA တပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဖားကန့်မြို့ပေါ်ရှိ ပြည်သူများ စစ်ဘေးရှောင်နေကြပြီး ဆိုင်းတောင် တွင် နှစ်ဖက်တိုက်ပွဲပြင်းထန် နေကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်းတောင်ရပ်ကွက် (၄) ရှိ Lucky Men ဟိုတယ်နှင့် ကျောက်သွေးတောင်ဘက်တွင် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရ သည်။

ပုံစာ- ဆိုင်းတောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ထားစဥ်
#ကချင် #ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times