ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

မြန်မာနိုင်ငံမှ ကူကီးစစ်သွေးကြွ ၉၀၀ ခန့် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေးသ တင်းတွေကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ အမြင့်ဆုံးအဆင့် တပ်လှုန့်ထား တယ်လို့ အကြီးတန်း လုံခြုံရေးအရာရှိတစ်ဉီးက ပြောပါတယ်။

ထောက်လှမ်းရေးအဖွဲ့တွေရဲ့ မြန်မာနိုင်ငံမှ စစ်သွေးကြွတွေ ဝင်ရောက်လာနိုင်တဲ့သတင်းကို မ ဏိပူရ်ပြည်နယ် လုံခြုံရေးအကြံပေး ကူလ်ဒက်ဆင်းက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

၂၀၂၃ ခုနှစ် မေလနောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ လူများစု ကသည်းလူမျိုးတွေနဲ့ လူနည်းစု ကူ ကီးတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တပ်လှုန့်ထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။ ကူ ကီးလူမျိုးစုတွေနေထိုင်ရာ ခရိုင်တွေမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်” လို့ ၎င်းက ပြောပါတယ်။

မဏိပူရ်ပြည်နယ်တောင်ပိုင်းမှာနေထိုင်တဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံရှိ ချင်းလူမျိုးတွေနဲ့ လူမျိုးရေးရာအရ ဆက်နွှယ်မှုရှိပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေပါဝင်တဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကို ကူကီးစစ်သွေးကြွတွေက လုပ်ဆောင်ခဲ့ တာလို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ထောက်လှမ်းရေးသတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

တိုက်ခိုက်မှုတွေကြောင့် ကသည်းလူမျိုးတွေက အင်ဖာမြို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ကာ ကူကီး စစ်သွေးကြွတွေကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်နောက် ပိုင်း အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကြောင့်ဖြစ်တယ်လို့ အာဏာရ BJP ပါ တီက မှတ်ယူခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကီလိုမီတာ ၁၆၅၀ ရှိ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လွတ် လပ်စွာ သွားလာခွင့်ကို ဖျက်သိမ်းကာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အကုန်အကျခံကာ နယ်စပ်ခြံစည်းရိုး တစ်ခု တည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Indian state on alert for Myanmar militants

#Ayeyarwaddy_Times