ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

အရှေ့တောင်အာရှဒေသမှာ တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ တိုက်ခတ်ပြီးနောက် ဘေးအသင့်ဆုံးပြည် သူတွေကို ကူညီဖို့ ဥရောပသမဂ္ဂ (EU) က လူသားချင်းစာနာမှု အကူအညီ ယူရို ၂ ဒသမ ၂ သန်း ပေးအပ် မယ်လို့ ကြေညာလိုက်ပါတယ်။

ယခုငွေကြေးအကူအညီဟာ အစားအစာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အလိုအပ်ဆုံး အရာတွေကို ဖြေရှင်းပေးမယ်လို့ EU က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အရှေ့တောင်အာရှဒေသဟာ မကြာသေးမီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံး တိုင် ဖွန်းမုန်တိုင်းတစ်ခုဒဏ် ခံခဲ့ရပါတယ်။ မုန်တိုင်းဘေးသင့် အသိုင်းအဝိုင်းတွေကို ကူညီဖို့ EU က အသင့်ရှိ ပါတယ်။ ဒီငွေကြေးပံ့ပိုးမှုက မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ဖိလစ်ပိုင်က ပြည်သူတွေ အလိုအပ်ဆုံးအရာ တွေကို ဖြေရှင်းဖို့ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်” လို့ အကျပ်အတည်း စီမံခန့်ခွဲရေး မဟာမင်းကြီး ဂျာ နက်ဇ်လီနာဆစ်က ပြောပါတယ်။

EU က လက်နက်ကိုင်ပဋိပက္ခအပြင် တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ဘေးသင့် မြန်မာနိုင်ငံသို့ ယူရို ၁ ဒသမ ၂ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ယူရို ၆၅၀၀၀၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ယူရို ၂၀၀၀၀၀ နဲ့ လာအိုသို့ ယူရို ၁၅၀၀၀၀ ပံ့ပိုးကူညီမယ်လို့ သိရပါတယ်။

ကိုးကား – https://civil-protection-humanitarian-aid.ec.europa.eu
Ref; EU releases 2.2€ million in emergency assistance to help victims of typhoon Yagi in Southeast Asia

#Ayeyarwaddy_Times