ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ယူကရိန်းကျူးကျော်စစ်မှာ အသုံးပြုနေတဲ့ ယခုနှစ် ဒရုန်းထုတ်လုပ်မှုကို ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆဖြစ်တဲ့ ဒရုန်းအစင်းရေ ၁ ဒသမ ၄ သန်းအထိ တိုးမြှင့်သွားဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စီစဉ်နေ ပါတယ်။

ပူတင်ဟာ စိန့်ပီတာစဘတ်မြိုရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ခုကို လည်ပတ်ပြီးနောက် ကြာသ ပတေးနေ့က စက်မှုလက်မှုကော်မရှင် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဒရုန်းအမျိုးမျိုး အစင်းရေ ၁၄၀၀၀၀ ကို ရုရှားစစ်တပ်ထံ ပေးအပ်ခဲ့တယ်လို့ ၎င်းက ကာကွယ်ရေးလုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူတွေကို ပြောပါတယ်။

“ဒီနှစ် ဒရုန်းထုတ်လုပ်မှုကို ဆယ်ဆနီးပါးအထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြော ပါတယ်။

ယူကရိန်းကျူးကျော်စစ်ဟာ အရေးကြီးပြီး ခေတ်သစ်စစ်ပွဲတွေမှာ ဒရုန်းအမျိုးမျိုးဟာ အရေးပါ သော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်လို့ ပူတင်က ဆိုပါတယ်။

“ဒရုန်းစနစ်တွေကို စစ်မြေပြင်မှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ အ သုံးပြုတာ အပါအဝင် ဒရုန်းတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

တိုက်ခိုက်ရေး အတွေ့အကြုံပေါ် အခြေခံပြီး ဒရုန်းတွေ ခေတ်မီအောင် စဉ်ဆက်မပြတ် ကြိုးပမ်း မှုတွေ ပြုလုပ်သင့်တယ်လို့ သူက ပြောပါတယ်။

ဒရုန်းထုတ်လုပ်မှု တိုးတက်လာဖို့ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ရုရှားနိုင်ငံတစ်ဝှမ်း အထူး သုတေသန နှင့် ထုတ်လုပ်ရေးစင်တာ ၄၈ ခု ထူထောင်ဖို့ စီစဉ်နေပါတယ်။

ကိုးကား – NHK
Ref; Putin intends to increase drone production tenfold in 2024

#Ayeyarwaddy_Times