ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တဲ့ပုံဟန်ဆောင်ကာ ထိုင်ဝမ်ကို တိုက်ခိုက်နိုင်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက သတိပေးလိုက်ပြီး တရုတ်ဟာ စစ်ရေးလေ့ကျင့်မှုတွေ တိုးပြီး ပြုလုပ်တာကြောင့် တရုတ်ရဲ့တိုက်ခိုက်မှုတွေကို ခန့်မှန်းဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

တရုတ်ဟာ ပူးတွဲ ရေတပ်နဲ့လေတပ် လေ့ကျင့်မှုလိုမျိုး သမားရိုးကျ စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်သလို ထိုင်ဝမ်ဝန်းကျင် ဝေဟင်နဲ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုတွေ ပြုလုပ်လာတယ် လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ရဲ့လုပ်ရပ်တွေမှာ ပုံမှန်ဖြစ်လာခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာပါစေ အမြဲတမ်း ဆက်လုပ်နေတယ်လို့ သူက ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့ လုပ်ရပ်တွေက ပိုများလာတာကြောင့် ဘယ်အချိန်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဟန်ဆောင်ကာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုတာ ခန့်မှန်းရပိုခက်လာတယ်လို့ သူက ပြောပါ တယ်။

တရုတ်စစ်တပ် ရုတ်တရက် တိုက်ခိုက်လာနိုင်တာကို ခုခံကာကွယ်ဖို့ ထိုင်ဝမ်စစ်တပ်က ပြင်ဆင် ရမှာဖြစ်ပြီး အချိန်ပြည့် ကာကွယ်ရေးစွမ်းရည် ပြည့်ဝနေရမယ်လို့ ၎င်းက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်စစ်တပ်က အနီးကပ် စောင့်ကြည်နေပြီး ဖြစ်နိုင် ချေတိုက်ခိုက်မှုကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Focus Taiwan
Ref; Taiwan must be ready for China attack under guise of exercise: Defense minister

#Ayeyarwaddy_Times