
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင် ငွေကြေးတွေထဲကနေ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၃၉ ဘီလီ ယံခန့် ထုတ်ချေးဖို့ ဥရောပကော်မရှင်ဉက္ကဌ အူဆူလာဗွန်ဒါလီယန်းက ကြေညာလိုက်ပါတယ်။
သောကြာနေ့က ကိယက်ဗ်မြို့တော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့အတူပြုလုပ်တဲ့ ပူးတွဲသ တင်းစာရှင်းလင်းပွဲ မှာ ၎င်းက အခုလို ကြေညာခဲ့တာပါ။
ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေနဲ့ ချေးငွေ ပြန်ဆပ်ရဖို့ လုပ်ဆောင်မှာဖြစ်လို့ ယူကရိန်း နိုင်ငံအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်မှု ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ဉရောပကော်မရှင်က ပြောပါ တယ်။
ယခုချေးငွေဟာ ဇွန်လအတွင်း ထိပ်သီးဆွေးနွေးပွဲမှာ G7 ခေါင်းဆောင်တွေပြုလုပ်ခဲ့တဲ့ ကတိက ဝတ်နဲ့အညီဖြစ်ပါတယ်။
ယခုချေးငွေဟာ ကြီးမားသောချေးငွေဖြစ်ပြီး သူ့ကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် ပြန် လည်တည်ဆောက်ဖို့ ရုရှားနိုင်ငံက ပေးချေရမယ်လို့ ဆိုလိုတာလို့ ဗွန်ဒါလီယန်းက ပြောပါတယ်။
ဆိုးရွားသော ဓာတ်အားပြတ်တောက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံက စွမ်းအင်နယ်ပယ် အပြင် ကာကွယ်ရေးအတွက် ငွေကြေးတွေကို သုံးစွဲသွားမယ်လို့ ဇီလန်စကီးက ပြောပါတယ်။
နောက်အပတ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံချိန်မှာ ရုရှားအပေါ် အောင်ပွဲယူဖို့ အ စီအစဉ်ကို ဆွေးနွေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဂျိုးဘိုင်ဒင်က အဆိုပါအစီအစဉ်ကို ထောက်ခံမယ်လို့ မျှော်လင့်ကြောင်း ဇီလန်စကီးက ပြောပြီး အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; European Commission president announces loan of up to $39 billion for Ukraine
#Ayeyarwaddy_Times