ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေရှိတဲ့ ၁၆၄၃ ကီလိုမီတာရှိ အိန္ဒိယ-မြန်မာနယ်စပ် ကို ရူပီး သန်းပေါင်း ၃၁၀၀၀၀ အကုန်အကျခံပြီး ခြံစည်းရိုးခတ်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါ တယ်။

ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို နယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ မှာ ပြီးစီးပြီလို့ အိန္ဒိယ ပြည် ထဲရေးဝန်ကြီး အေမက်ရှားက စက်တင်ဘာလ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရအဖွဲ့ လုံခြုံရေးကော်မတီဟာ ရူပီး ကုဋေ ၃၁၀၀၀ အကုန်အကျခံပြီး အိန္ဒိယ-မြန် မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ကာ လမ်းမကြီးတွေ တည်ဆောက်ဖို့ မူအားဖြင့် သဘောတူခဲ့ တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မိုရေးမြို့အနီး ၁၀ ကီလိုမီတာခန့်ရှိ ခြံစည်းရိုးခတ်ခြင်း ဆောင်ရွက်ပြီးဖြစ်ကာ မဏိပူရ်ပြည်နယ် နယ်စပ်မှာ ၂၁ ကီလိုမီတာ ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ဟာ မဏိပူရ်၊ မီဇိုရမ်၊ နာဂလန်းနဲ့ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်တွေကို ဖြတ်သန်းပါတယ်။

နယ်စပ်ကနေ ၁၆ ကီလိုမီတာမှာနေတဲ့ နှစ်နိုင်ငံပြည်သူတွေ အထောက်အထားမလိုဘဲ သွားလာ နိုင်တဲ့ (FMR) အစီအစဉ်ကို အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပါတယ်။

အေမက်ရှားက မဏိပူရ်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေကို ပုံမှန် ပြန်လည်သုံးသပ်ကာ လိုအပ် တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မဏိပူရ်ပြည်နယ်မှာ ဗဟိုအရံရဲတပ်ဖွဲ့ (CRPF) မှ တပ်ရင်းနှစ်ရင်း ဖြန့်ကြက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၀၀၀၀ ကို ဝေးလံခေါင်ဖျားပြည်နယ်တွေသို့ စေလွှတ်ထားတယ်လို့ သိရပါတယ်။

ကိုးကား – NDTV
Ref; 1,643 Km India-Myanmar Border To Be Fenced At A Cost Of ₹ 31,000 Crore
#Ayeyarwaddy_Times