ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
နယ်စက်ဒေသတွေ တည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံက အရေးပါသော အဝေးပြေးလမ်းမကြီးကို ပြုပြင်ရာမှာ မြန်မာနိုင်ငံရှိ စစ်မက်ဖြစ်ပွားနေ သော အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာ က စက်တင်ဘာလ ၁၉ ရက်မှာ ပြောပါတယ်။
မကြာသေးမီက တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အာရှအဝေးပြေးလမ်းမကြီးပိုင်းတွေ ပြန်လည်တည်ဆောက်ဖို့ အာဆီယံအဖွဲ့နဲ့ အိန္ဒိယနိုင်ငံရဲ့ တွန်းအားပေးမှုကို ထိုင်းနိုင်ငံက ထောက်ခံ တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၄ ခုနှစ်မကုန်မီ မြန်မာ့အရေး ဒေသဆိုင်ရာ အစည်းအဝေးတစ်ရပ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ လက်ရှိအာဆီယံဉက္ကဌ လာအိုနိုင်ငံက ထိုင်းနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
“မြန်မာပြဿနာကို စစ်ရေးအရ မဟုတ်ဘဲ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လနောက်ပိုင်း မြန်မာနိုင်ငံက ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့ရပြီး လူထုဆန္ဒပြပွဲတွေက စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုအဖြစ် ပြောင်းလဲခဲ့ပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေ သဘောတူခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် (၅) ရပ် မအောင် မြင်တာကြောင့် အာဆီယံအဖွဲ့က ၎င်းတို့ကို ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အရေးပါသော ကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်တဲ့ အာရှအဝေးပြေးလမ်းမကြီးဟာ ထိုင်း-မြန် မာနယ်စပ်ရှိ မြဝတီမြို့မှ အိန္ဒိယနယ်စပ်ရှိ တမူးမြို့အထိ ကီလိုမီတာ ၁၅၀၀ ကျော် ရှိပါတယ်။
ယခင်က နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ရာ မြဝတီမြို့ဝန်းကျင်မှာ ဒီနှစ်အ တွင်း ပြင်းထန်သောတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးသမားတွေက မြဝတီမြို့ကို ခဏတာ ထိန်း ချုပ်နိုင်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thailand pushing for repair of key Myanmar highway
#Ayeyarwaddy_Times